မင်းအောင်လှိုင် နောက်လိုက်တွေအားလုံးက အရူးတွေလား

Описание к видео မင်းအောင်လှိုင် နောက်လိုက်တွေအားလုံးက အရူးတွေလား

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ထောင် ၆ နှစ်ကျော်ချမှတ်ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ကပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟောပြောပွဲတွေမှာ သူ့ရဲ့ ပြောဆိုချက်တွေဟာ စစ်ခေါင်းဆောင်တွေကိုဂုဏ်သိက္ခာကျစေတယ်ဆိုပြီး သူဟောပြောခဲ့တဲ့ မြို့နယ် ၄ ခုမှာ ပုဒ်မ ၅၀၅(က)နဲ့ စွဲဆိုခံရတာပါ။

ရန်ကုန်မြို့၊အင်းစိန်ထောင်နဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းထောင်တို့မှာ ၃ နှစ်ကျော်နေထိုင်ခဲ့ရပြီး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

နေအိမ်ရှေ့မှာ စစ်ကောင်စီတပ်ရဲ့စောင့်ကြည့်ခံရမှုကြားကနေ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်လူငယ်တွေက ၄ လကြာ အစီအစဉ်ဆွဲပြီး ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သူကပြောပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်မှ ပြန်လွတ်လာတဲ့ နိုင်ငံရေးတက်ကြွသူဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို လက်ရှိနွေဦးတော်လှန်ရေးအပေါ် အမြင်၊ စစ်ကောင်စီတပ်ထဲက သူ့ရဲ့မိတ်ဆွေဟောင်းတွေအတွက် သတင်းစကားနဲ့ သူ့ရဲ့ အတွေ့အကြုံ တွေကို Myanmar Now က တွေ့ဆုံမေးမြန်းထားပါတယ်။

မေးမြန်း၊ တင်ဆက် - စသန့်ဇင်၊ အောင်နိုင်

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/registe...)

Комментарии

Информация по комментариям в разработке