မြန်မာ့ ပင်လယ်ထက်က ငရဲခန်း ရေလုပ်သားများ - ဘီဘီစီ မြန်မာပိုင်းက စုံစမ်းထားတဲ့ အထူး ရုပ်သံ အစီအစဉ်

Описание к видео မြန်မာ့ ပင်လယ်ထက်က ငရဲခန်း ရေလုပ်သားများ - ဘီဘီစီ မြန်မာပိုင်းက စုံစမ်းထားတဲ့ အထူး ရုပ်သံ အစီအစဉ်

မိုးရာသီကုန်လို့ အခုလို ငါးဖမ်းရာသီ ရောက်ပြီဆိုရင် မြန်မာပြည်တောင်ပိုင်းက ပင်လယ်ပြင်အတွင်း ငါးဖမ်းနေကြတဲ့ ကျားဖောင် ရေလုပ်သားတွေဟာ ပျမ်းမျှအားဖြင့် တစ်ရက်ကို တစ်ယောက်နှုန်း သေဆုံးနေရပါတယ်။

ဒီရေလုပ်သားတွေက မြန်မာပြည်ရဲ့ ပုစွန်ခြောက်၊ ငါးခြောက်၊ မျှင်ငါးပိထုတ်လုပ်မှု စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းထိ ထုတ်လုပ်ပေးနေသူတွေပါ။ ဒါပေမယ့် ထောင်နဲ့သောင်းနဲ့ချီတဲ့ ရေလုပ်သားတွေထဲမှာ တချို့ကတော့ အိမ်ပြန်မလာနိုင်တော့ပါဘူး။ အိမ်ပြန်လာနိုင်သူ တချို့ကျတော့လည်း သေရာပါ ဒဏ်ရာဒဏ်ချက်တွေ ပါလာကြပါတယ်။ သူတို့ ပင်လယ်ပြင်မှာ ဘာတွေ ကြုံတွေနေရပါသလဲ။

ဘီဘီစီမြန်မာပိုင်းက စုံစမ်းထားတဲ့ အထူးသတင်းလွှာကို ရှုစားနိုင်ကြပါတယ်။

တင်ဆက်သူ - မစိုးစိုးထွန်း

ရိုက်ကူးတည်းဖြတ် - ကိုစံသာအောင်၊ ကိုလပြည့်ကို

ကျားဖောင်လုပ်သားတွေအကြောင်း ၀က်ဘ်ဆိုက် ဆောင်းပါး - https://www.bbc.com/burmese/in-depth-...


#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ပင်လယ် #ရေလုပ်သား #ကျားဖောင် #ငါး #ပုစွန် #မျှင်ငါးပိ #လူ့အခွင့်အရေး #ငါးပိ #တံငါသည် #ငါးလုပ်ငန်း #ကပ္ပလီ

Комментарии

Информация по комментариям в разработке