ရခိုင်စစ်မျက်နှာ အောင်ပွဲနှင့် ရခိုင်ရိုးမ အရှေ့ဘက် စစ်မျက်နှာ (ရုပ်/သံ)

Описание к видео ရခိုင်စစ်မျက်နှာ အောင်ပွဲနှင့် ရခိုင်ရိုးမ အရှေ့ဘက် စစ်မျက်နှာ (ရုပ်/သံ)

ရခိုင်စစ်မျက်နှာ အောင်ပွဲနှင့် ရခိုင်ရိုးမ အရှေ့ဘက် စစ်မျက်နှာ (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၂၁၊ ၂၀၂၄

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ်တွင် ခက်ခဲစွာ တိုက်ခိုက်ခဲ့ရသည့် သံတွဲတိုက်ပွဲ၊ နိုင်ငံရေးထိုးနှက်မှုများကိုပါ ရင်ဆိုင်ခဲ့ရသည့် မောင်တောတိုက်ပွဲများကြောင့် ခန့်မှန်းသည်ထက် အချိန်ပိုကြာခဲ့သည့်ပြီး နပခ စစ်ဌာနချုပ်သည် ပထမဆုံး ကျရှုံးမည့် စစ်တိုင်းဌာနချုပ် မဖြစ်ခဲ့သော်လည်း တတိယအဆင့် ထိုးစစ်ပြီးပါက ရခိုင်စစ်မျက်နှာသာမက ရခိုးမအရှေ့ဘက် ပြည်မသို့ပါ စစ်မျက်နှာသစ်များ ဖွင့်လှစ်နိုင်တော့မည်ဖြစ်၏။

ရခိုင်စစ်မျက်နှာအတွက်ဆိုလျှင် တတိယအဆင့် ထိုးစစ်သည် မောင်တော၊ ‌အမ်း၊ တောင်ကုတ်နှင့် ဂွမြို့တို့ကို သိမ်းပြီးနောက် ရခိုင်စစ်မျက်နှာ စတုတ္ထနှင့် နောက်ဆုံး ထိုးစစ်အဖြစ် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့သာ ကျန်ပေလိမ့်မည်။

ထို့ပြင် ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ်ပြီးသည်နှင့် ပြည်မသို့ပါ တပါတည်းခြိမ်းခြောက်နိုင်သည့် စစ်မျက်နှာသစ်များ ပွင့်ပြီဖြစ်သည်။ ထို စစ်မျက်နှာသစ်များမှာ AA နှင့် PDF များ နွေဦးတော်လှန်ရေး အင်အားစုများ ပူးပေါင်းဆင်နွှဲသည့် စစ်မျက်နှာသစ်များ ဖြစ်ပေလိမ့်မည်။

#မြန်မာ #ဧရာဝတီ #ရခိုင် #ဘူးသီးတောင် #မောင်တော #အမ်း #AA #PDF #စစ်တွေ
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке