ကျန်းမာခြင်း ချမ်းသာခြင်း အောင်မြင်ခြင်းတို့ အတွက် Healing & Affirmation Guided Meditation

Описание к видео ကျန်းမာခြင်း ချမ်းသာခြင်း အောင်မြင်ခြင်းတို့ အတွက် Healing & Affirmation Guided Meditation

⭐️ Affirmation ဆိုတာက မသိစိတ်ထဲကို စွဲနေအောင် ကိုယ့်ကိုယ်ကို အတည်ပြု ပြောကြားပေးတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းချီး ပေးတဲ့ စကားတွေလို့ ပြောလို့ ရသလို၊ ကိုယ့်ကိုယ်ကို ဆုတောင်း၊ အားပေးတဲ့ စကားတွေ လို့လဲ ပြောလို့ ရပါတယ်။ ဒါတွေကို Energetic Level ကနေပြီး ကျွန်တော်တို့ရဲ့ Subconscious Mind ထဲကို ထည့်မှာပါ။

⭐️ ဒီအတည်ပြု ပြောကြားပေးတဲ့ စကားလုံးတွေက ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ရှိတဲ့ Pattern တွေကို အသစ်ပုံစံ ပြောင်းလဲ ဖန်တီး ပေးမှာပဲ ဖြစ်ပါတယ်။ ဒါကို ထပ်ကာ ထပ်ကာ နားထောင်ခြင်း၊ ရေရွတ်ခြင်း၊ ချရေးခြင်း အားဖြင့် ကျွန်ုပ်တို့ရဲ့ ဦးနှောက်မှာ Brain Neural Pathways အသစ်တွေကို ဖန်တီးပေးနိုင်လာမှာပါ။ ဒီလို အပြုသဘော ဆောင်တဲ့ အတွေး အခေါ် Pattern အသစ်တွေကို တည်ဆောက်ခြင်းအားဖြင့် ကျွန်တော်တို့မှာ ရှိတဲ့ Negative Pattern တွေဖြစ်တဲ့ ငါက မတော်ပါဘူး၊ ငါ မလုပ်နိုင်ဘူး၊ စတာတွေကို ပယ်ဖျက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

~ Myo Thiha Kyaw ~ Randy ~

ဒီ Audio တွေထဲက ကြိုက်နှစ်သက်ရာ အပုဒ်ကို တလှည့်စီ မနက်တိုင်း သို့မဟုတ် အိပ်ရာ မဝင်ခင် ညတိုင်း နေ့စဉ် အမြဲ နားထောင် မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ ဘဝက သိသိသာသာကို ပြောင်းလဲ တိုးတက် လာမှာ ဖြစ်ပါတယ်။ နားကြပ်ဖြင့် တရားထိုင်သလို ထိုင်ပြီးတော့ ဖြစ်စေ။ လဲလျောင်းပြီး ဖြစ်စေ အဆင်ပြေသလို နားထောင်လို့ ရပါတယ်။ တရားထိုင်သလို ထိုင်ပြီးတော့ လုပ်နိုင်ရင်တော့ ပိုပြီး ထိရောက်ပါတယ် ... သတိထားရမှာက ကားမောင်းနေစဉ်၊ အန္တရာယ်ရှိသော စက်ပစ္စည်းတစ်ခုခုနှင့် အလုပ်နေစဉ် ... မောင်းနှင်နေစဉ် အတွင်းမှာ လုံးဝ နားမထောင်ရပါဘူး ...

Guided များကို နားထောင်တဲ့ အခါမှာ အင်္ဂလိပ်လိုတွေကို မသိဘူး၊ နားမလည်ဘူးဆိုပြီး စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့။ အင်္ဂလိပ်လို နည်းနိုင်သမျှ နည်းပေးထားပြီး အနည်းငယ် ပါခဲ့လျှင်တောင် သူနဲ့ကပ်လျက်မှာ မြန်မာလို ပြန်ပြန်ပြီး ပြောပေးထားပါတယ် ... မြန်မာလို အများကြီးကို အာရုံစိုက်နိုင်လျှင်ကို ကိုယ့်အတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ခံစားရမှာပဲ ဖြစ်ပါတယ် ...

⭐️ ကိုယ့်ရဲ့ ကိုယ်မကြိုက်တဲ့ ဘဝပုံစံတွေ၊ အတွေးခေါ်ဟောင်းတွေ၊ မကောင်းတဲ့ ခံစားချက်တွေ၊ Negativity တွေကို ပြုပြင်ပြောင်းလဲ ချင်ရင်တော့ 10 ပုဒ် ပါဝင်တဲ့ Reprogramming Your Life Guided Meditation ကို Join ကြည့်ပါလို့ ပြောပေးချင်ပါတယ် .. ပါဝင်မည့် ခေါင်းစဉ်များက ...

⭐️ 1. Powerful Affirmation & Attract the Best
မိမိအတွက် အစွမ်းထက်သော စကားလုံးများနှင့် အကောင်းဆုံး ဘဝတစ်ခုကို ဆွဲဆောင်ခြင်း
⭐️ 2. Morning Gratitude & Law of Attraction
နံနက်ခင်း ကျေးဇူးတရားနှင့် ညှို့အား နိယာမ
⭐️ 3. Heal All Body Mind & Spirit Pain
မိမိ ကိုယ် စိတ် နှလုံး သုံးပါးတွင် ခံစား ကပ်ငြိနေသော နာကျင်မှုများအား ကုစားခြင်း
⭐️ 4. Healing, Reduce Anxiety, Manifest Abundance
မိမိကိုယ် မိမိကုစားရင်း စိုးရိမ်သောကတွေကို ဖယ်ရှားပြီး ကောင်းမွန်ကြွယ်ဝခြင်းများကို ဆွဲဆောင်ခြင်း
⭐️ 5. Self-Love Meditation
မိမိကိုယ် မိမိ အပြည့်အဝ ချစ်ခြင်း
⭐️ 6. Powerful Money Manifestation
ငွေကြေးနှင့် ပတ်သက်ပြီး ဆွဲဆောင်ခြင်း
⭐️ 7. Attitude of Gratitude & Manifestation
ကျေးဇူး စိတ်ထားနှင့် မိမိအလိုရှိရာ ဆွဲငင်ယူခြင်း
⭐️ 8. Raise Your Vibrational Frequency
မိမိ၏ Frequency, Energy, Vibration ကို မြှင့်ခြင်း
⭐️ 9. Mindfulness Meditation & Inner Peace
ကိုယ် စိတ် နှလုံးကို အသိ သတိဖြင့် စောင့်ကြည့်ပြီး အတွင်းစိတ် ငြိမ်းချမ်းမှုကို ရှာခြင်း
⭐️ 10. Affirmation for Health Wealth Success
မိမိတို့၏ ကျန်းမာခြင်း၊ ချမ်းသာခြင်း နှင့် အောင်မြင်ခြင်းတို့ အတွက် ကောင်းချီးစကားများ

🎁 ယခုထက် ပိုပြီး စိတ် တည်ငြိမ်အေးချမ်းလိုသူများ၊ မိမိ၏ စိတ်ဒဏ်ရာများကို ကုစားလိုသူများ၊ လက်ရှိထက် ပိုမြင့်တဲ့ Energy မျိုး Level မျိုးရလိုသူများ Join နိုင်ပါတယ် ... အိပ်ပျော်ရန် ခက်ခဲသူများ .. အိပ်မပျော်သူများလဲ Join လို့ ရပါတယ် ..

🎁 Open Minded မဖြစ်သူများ မယုံကြည်သူများ၊ စမ်းကြည့်လိုသူများ လုံးဝ မ Join သင့်ပါ။ နား မထောင်သင့်ပါ။ ဘာမျှ အကျိုးထူးမည် မဟုတ်ပါ ...

🎁 Guided Meditation လုံးဝ မလုပ်ဖူးလျှင်လဲ မ Join သင့်ပါ။ ဒါပေမဲ့ ဒီထဲကနေ ကိုယ် ဘာလေးပဲ ရလိုက် ရလိုက် ဆိုတဲ့ သင်ယူလိုသော စိတ် …. စိတ်ကို ဖွင့်ထားပြီး နားထောင်ချင်တယ် ဆိုရင်တော့ Join လို့ ရပါတယ်...

အရံသင့် လုပ်ပြီးသား အမြဲနားထောင်လို့ ရမည့် Telegram Group ထဲ ထည့်ပေးမှာပါ … အစဉ်လိုက် ဖြေးဖြေးချင်း တစ်ရက်စီ လုပ်သွား ရုံပါပဲ … ယနေ့မှ စပြီး 55555 Ks ဖြင့် ဒီ ၅ ရက်အတွင်း Join လို့ ရမှာဖြစ်ပါတယ် …

Facebook Page Link ... Please Follow ...
  / myothihakyawrandy  

Комментарии

Информация по комментариям в разработке