ဗုဒ္ဓဟူးနေ့ ဖွားများအတွက် ဂြိုဟ်စားဒသာဟောကိန်းများ

Описание к видео ဗုဒ္ဓဟူးနေ့ ဖွားများအတွက် ဂြိုဟ်စားဒသာဟောကိန်းများ

မင်္ဂလာပါခင်ဗျ။ ဒီဗွီဒီယိုမှာ ဗုဒ္ဓဟူးနေ့ ဖွားများအတွက် မြန်မာ့ရိုးရာဗေဒင်ပညာရဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ ဂြိုဟ်စားဒသာအရ တွေ့ရှိခန့်မှန်းချက်များကိုတင်ပြထားတာဖြစ်ပါတယ်။ ဂြိုဟ်တွေရဲ့ ပကတိသဘောများ၊ မိတ်ဂြိုဟ်၊ ရန်ဂြိုဟ်၊ ဥဒါသိန်ဂြိုဟ်သဘောတရားများ၊ နောက်ပြီးဘယ်ဂြိုဟ်တွေကဘဝရဲ့ ဘယ်နယ်ပယ်မှာ စိုးမိုးတယ်ဆိုတဲ့ သဘောတရားများကို အခြေခံပြီးစွမ်းနိုင်သမျှ စိစစ်ဖေါ်ထုတ်ထားတာဖြစ်ပြီး ယေဘူယျ ဆန်ပါတယ်။ ဒီနေရာမှာအသက်ဘယ်လောက်ကနေဘယ်လောက်အထိ ဂြိုဟ်စားဒသာကာလကြီးမှာ ဘဝရဲ့ ဘယ်နယ်ပယ်တွေမှာတော့ဘာတွေဖြစ်လာတတ်တယ်၊ အဲဒီကာလကြီးနဲ့ဒွန်တွဲနေတဲ့ ဂြိုဟ်တွေရဲ့ဒသာခွဲကာလ တွေမှာ အဓိကဘယ်လိုအရာတွေကလွှမ်းမိုးထားတယ် ဆိုတာကို တင်ပြချက်တွေဖြစ်ပါတယ်။
နောက်ပြီးပကတိသဘောတရားတွေကို ဟောပြောတာဖြစ်ပြီး ဒသာကာလများဟာ နေ့ဖွားအလိုက်ရောက်ရှိတဲ့ အချိန်ကာလတွေသာ ကွဲပြားပြီး ဒသာကာလရဲ့ ဖြစ်တန်စွမ်းတွေကတော့ အနီးစပ်ဆုံးတူညီနေမှာဖြစ်ပါတယ်။ ဟောကိန်းတွေ၊ ခန့်မှန်းချက်တွေကို ဖေါ်ထုတ်ရာမှာ အသက် ၁၇ နှစ်ပြည့်ပြီး ၁၈ နှစ်ကို ဝင်ရောက်တဲ့အချိန်ကစလို့ အသက် ၆၅ နှစ်ဝန်းကျင်ထိသာ ဖေါ်ထုတ်တင်ပြထားတာဖြစ်ပါတယ်။ ဒီဗွီဒီယိုကိုကြည့်ပြီး ကိုယ်ရောက်ရှိနေတဲ့ ဒသာကာလအတွက် ပိုမိုသိဘို့ လိုအပ်လာပြီလို့ ထင်မြင်ရင်တော့ မိမိနှစ်သက်တဲ့ သက်ဆိုင်ရာ နက္ခတ်ဗေဒင်ပညာရှင်များထံ မေးမြန်းကြဘို့ အကြံပြုချင်ပါတယ်ခင်ဗျ။
#ဗေဒင်,#နက္ခတ်#baydin #astrology #ဗုဒ္ဓဟူး #ဟောစာတမ်း #ဂြိုဟ်

Комментарии

Информация по комментариям в разработке