၂ ပတ်တာ စစ်သတင်း သုံးသပ်ချက်

Описание к видео ၂ ပတ်တာ စစ်သတင်း သုံးသပ်ချက်

ပြီးခဲ့တဲ့ (၂) ပတ်အတွင်း စစ်ရေးထူးခြားချက်အနေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်ဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က အင်အားရာချီပါ ရန်သူ့ စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ခိုက်ခဲ့နိုင်ခဲ့ပါတယ်။ မြေပြန့် စစ်ရေးလှုပ်ရှားမှုဟာ ပြောက်ကျား စစ်ဆင်မှု အဆင့်ကနေ သမရိုးကျ စစ်ဆင်မှု ပုံစံကို တစတစ ကူးပြောင်းရောက်ရှိလာတာကို တွေ့ရပါတယ်။
လက်ပံတန်း မြို့နယ်၊ ပဲခူးရိုးမ ပေါ်ကို အင်အား (၁၀၀) နဲ့ စစ်ကြောင်းထိုးလာတာကို ပြည်သူ့ ကာကွယ်ရေး တပ်မတော် (၃၈၀၂) က တိုက်ခိုက်ခဲ့ရာ ရန်သူ (၁) ဦး သေဆုံး၊ (၉) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတဘ်။ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာမှာ (၂) ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ (၆၀) ကျဆုံးခဲ့တယ်လို့ မြင်းခြံ ခရိုင် တပ်ရင်း (၉) က ထုတ်ပြန်ထားပါတယ်။ ပခုက္ကူ နဲ့ ရေစကြို မြို့နယ် အစပ် ဒေသကို စစ်သား နဲ့ ပျူစောထီး အင်အား (၃၀၀) ခန့် စစ်ကြောင်း (၃) ကြောင်းခွဲ ဝင်ရောက်လာတာကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ခုခံတိုက်ခိုက်ရာမှာ ရန်သူ (၉) ဦး သေဆုံးပြီး လက်နက်ငယ် (၉) လက် သိမ်းယူရရှိခဲ့ပါတယ်။ အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာရှိတဲ့ PDF စခန်းကို တိုက်ခိုက်ဖို့ စစ်ကြောင်း (၃) ကြောင်းခွဲ ဝင်ရောက်လာတာကို သတင်းကြိုတင်ရရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ရာ စစ်သား (၇) ဦး သေဆုံးခဲ့ပါတယ်။ မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အင်အား (၈၀) ပါ စစ်ကြောင်းကို မင်းဘူး ခရိုင် အမှတ် (၁) တပ်ရင်း၊ စလင်း ပကဖ နဲ့ မိုးကြိုး ပြောက်ကျား တပ်ရင်း (၁၀၁) တို့ ပူးပေါင်း တိုက်ခိုက်နိုင်ခဲ့ပါတယ်။ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၁၄၄) မှာ ကင်းလှည့်နေတဲ့ ရဲကား ကို တိုက်ခိုက်ရာ ရဲ တပ်ဖွဲ့ဝင် (၃) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိကာ ရဲကား မီးလောင် ပျက်စီးခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေကို ကြည့်ရင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဒေသတွေမှာ အင်အား ရာချီပါ စစ်ကြောင်းတွေကို၊ သတင်းဦးမယ်ထင်ပြီး ဝင်ရောက်လာတဲ့ ရန်သူ့ စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော်က အထိနာအောင် တိုက်ခိုက်နိုင်နေတာ၊ စစ်ရေးလှုပ်ရှားမှုကို မကွေးအောက်ပိုင်း နဲ့ ပဲခူးရိုးမဒေသတွေထိ တိုးချဲ့နိုင်နေတာတွေ ကို တွေ့နိုင်ပါတယ်။
တိုင်းရင်းသားဒေသတွေကို ကြည့်ရင် ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုဟာ ပြည်နယ်မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့နားကို ရောက်ရှိလာသလို ဒုတိယပြည်နယ် မြို့တော် ဖြစ်တဲ့ ဗန်းမော် မြို့ကိုလဲ ကုန်းလမ်း၊ ရေလမ်းကနေ ပိတ်ဆို့နိုင်နေပြီ ဖြစ်ပါတယ်။ မြစ်ကြီးနား မြို့ တဘက်ကမ်း ဝိုင်းမော်မြို့အနီးဒေသကိုပါ တော်လှန်ရေးအဖွဲ့တွေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ရန်သူ့ စစ်တပ်စခန်းတွေကို ကာလရှည်ကြာ ဝန်းရံပိတ်ဆို့ထားပြီး ရိက္ခာပို့လမ်းကြောင်းတွေကို ပိတ်ဆို့ထားတဲ့ ချင်းတောင်ဒေသမှာ မြို့သိမ်းတိုက်ပွဲတွေ ပေါ်ထွက်လာနေပါတယ်။ တွန်းဇံမြို့ကို ချင်း အမျိုးသား တပ်မတော် နဲ့ ချင်းကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်း သိမ်းယူနိုင်လိုက်ပြီး ရန်သူ (၄၀) နီးပါး ဖမ်းဆီးနိုင်ခဲ့ကာ လက်နက် (၁၀၀) ကျော် သိမ်းစည်းရရှိခဲ့ပါတယ်။ တီးတိန်မြို့တွင်း တိုက်ပွဲမှာ နယ်စပ် ဒေသ နဲ့ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံး၊ ရဲစခန်းတို့ ကို သိမ်းပိုက်နိုင်ခဲ့ကာ ရဲ (၇) ဦး ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ တနင်္ဿာရီ ဒေသမှာ အဖွဲ့ပေါင်း (၈၀) ကျော် ပေါင်းစည်းနိုင်ခဲ့ပြီး တနင်္သာရီတိုင်း လွတ်မြောက်နယ်မြေအဖြစ် ပေါ်ထွန်းလာစေရေး အလားအလာကောင်းနေတာကို တွေ့နေရပါတယ်။
ပြီးခဲ့တဲ့ (၂) ပတ်တာ စစ်ရေး အခြေအနေတွေကို ကြည့်ရင် မြေပြန့် ဒေသမှာ စစ်ရေးလှုပ်ရှားမှု များပြားလာတာ၊ တိုင်းရင်းသားဒေသတွေမှာ မြို့ကြီးတွေနား၊ မြို့ပေါ် ထိ ခုခံတိုက်ခိုက်မှု ရောက်ရှိလာတာ၊ အဖွဲ့အချင်းချင်းကြား ပေါင်းစည်းမှု တိုးပွားလာတာတွေ့ရပါတယ်။ မြေပြန့် နဲ့ တောင်တန်းဒေသမှာ ယခုလို စစ်ရေးလှုပ်ရှားမှုတွေ ဟန်ချက်ညီ ဆက်လက်လုပ်ဆောင်လာနိုင်မယ်ဆိုရင် မိုးတွင်းကာလမှာ စစ်တပ် အနေနဲ့ ကြီးမားတဲ့ စစ်ရေး ဖိအားကြုံရမှာဖြစ်သလို နယ်မြေတွေ ပိုမိုလက်လွတ်ဆုံးရှုံးလာရမှာ ဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight

Комментарии

Информация по комментариям в разработке