စစ်ကောင်စီက ရေဘေးကိုအသုံးချ ဝါဒဖြန့်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေပြော (ရုပ်/သံ)

Описание к видео စစ်ကောင်စီက ရေဘေးကိုအသုံးချ ဝါဒဖြန့်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေပြော (ရုပ်/သံ)

စစ်ကောင်စီက ရေဘေးကိုအသုံးချ ဝါဒဖြန့်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေပြော (ရုပ်/သံ)

မိုးသောက်၊ စက်တင်ဘာ ၁၆၊ ၂၀၂၄

စစ်ကောင်စီဟာ ရေဘေးသင့်ဒေသတွေကို ကူညီကယ်ဆယ်ရေး ထိထိရောက်ရောက်လုပ်ပေးတာမျိုးမရှိဘဲ ဝါဒဖြန့်ချိရေး သက်သက်အဖြစ်သာ အသုံးချနေတယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ရေကျသွားတဲ့နေရာတွေကို သွားရောက်ကြည့်ရှုနေတဲ့ စစ်ခေါင်းဆောင်ရဲ့ ရုပ်ပုံတွေနဲ့ နေပြည်တော်ကောင်စီနယ်မြေထဲမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့ စစ်တပ်ရဲ့ ရုပ်ပုံတွေကို စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ တွေ့မြင်ရပေမယ့် တကယ့် မြေပြင်မှာတော့ ထိထိရောက်မကူညီတဲ့အပြင် ကယ်ဆယ်ရေးအဖွဲ့တွေကိုပါ တင်းကြပ်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လက်ရှိကြုံတွေ့နေရတဲ့ သဘာဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကြိုတင် သတိပေးချက်တွေ၊ လှုံ့ဆော်မှုတွေ ပြုလုပ်ဖို့ ပျက်ကွက်ခဲ့သလို ဘေးအန္တရာယ် ကျရောက်ချိန်မှာလည်း နေပြည်တော်ကောင်စီနယ်မြေတဝိုက်ကိုတောင် ထိထိရောက်ရောက် ကူညီနိုင်တာ မတွေ့ဘူးဆိုပြီး ဝေဖန်ခံနေရပါတယ်။

ရေကြီးနေတဲ့ ဒေသတွေမှာ ပရဟိတအဖွဲ့တွေနဲ့ အတူ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကြက်ခြေနီအဖွဲ့တွေက လက်လှမ်းမီသလောက် ကြိုးပမ်းကူညီနေကြပါတယ်။


#မြန်မာ #ဧရာဝတီ #ပရဟိတ #ကြက်ခြေနီ #မီးသတ် #ရေဘေး

Комментарии

Информация по комментариям в разработке