ထိုင်းနိုင်ငံက အကျင့်ပျက်ဘုန်းကြီးဆိုးများ

Описание к видео ထိုင်းနိုင်ငံက အကျင့်ပျက်ဘုန်းကြီးဆိုးများ

ထိုင်းနိုင်ငံက အကျင့်ပျက်ဘုန်းကြီးဆိုးများ

မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာ လူများစုကြီးက ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာများထဲမှာ သာသာနာ့အရိပ်ခိုပြီး အကျင့်ပျက်ခြစားလာတာတွေ ဖြစ်လာတဲ့အတွက် ထိုင်းနိုင်ငံမှာ ဒီအကျင့်ပျက်ခြစားမှုတွေ၊ ဘာသာရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွား ရှာဖွေကြတာတွေ၊ ရာဇဝတ်မှုတွေကို ကျူးလွန်လာခဲ့တာကြောင့် ဘာသာသာသနာကို ထိခိုက်လာခဲ့ပါတယ်။ ဗုဒ္ဓအဆုံးအမအတိုင်း ကျင့်ကြံနေထိုင်ကြတဲ့ ကြည်ညိုစရာ သံဃာတော်များလည်း ထိုင်းမှာရှိကြောင်း ဒီဗီဒီယိုထဲမှာ နှိုင်းယှဉ် တင်ပြထားပါတယ်။

ဒါကြောင့်ထိုင်းမှာ ဘာသာရေးကို ကြည်ညိုတဲ့လူပုဂ္ဂိုလ်တွေ၊ အစိုးရတရားဥပဒေစိုးမိုးရေး အမှုထမ်းတွေနဲ့ ရဟန်းသံဃာတွေက ဗုဒ္ဓလမ်းစဉ်ကို ကာကွယ်ဖို့အတွက် ၊ ဗုဒ္ဓလမ်းစဉ်အတိုင်း ကျင့်ကြံမှုကနေ သွေဖီနေသူတွေ ကျူးလွန်နေသူတွေကို ဘယ်လို အရေးယူဆောင်ရွက်နေကြတယ်၊ ဘုန်းကြီးတွေကို အရေးယူဖို့ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို နိုင်ငံခြားရုပ်သံ (၂) ခုမှ ကောက်နှုတ်တင်ပြထားပါတယ်။

ခေတ်မျက်လုံး အယ်ဒီတာအဖွဲ့

---------------------------

ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ်

မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era's Eyes ချန်နယ်သည် ပြည်သူတို့နှင့်အတူ ရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားပါမည်။

Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။

Комментарии

Информация по комментариям в разработке