အင်ဒိုနီးရှားက ငလျင်ဘေးသင့် ဒေသကို သမ္မတ ဝီဒိုဒို သွားရောက်စစ်ဆေး

Описание к видео အင်ဒိုနီးရှားက ငလျင်ဘေးသင့် ဒေသကို သမ္မတ ဝီဒိုဒို သွားရောက်စစ်ဆေး

ငလျင်ဘေးသင့် ဒေသကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့နောက် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ပြန်လည် ထူထောင်ရေး ကဏ္ဍအတွက် အစိုးရက အစွမ်းကုန် ပံ့ပိုး ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာ ဝီဒိုဒိုဟာ ဆူလာဝေဆီကျွန်း အနောက်ပိုင်းက မာမူဂျူ မြို့ကို ကိုယ်တိုင် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမြို့နားမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရစ်ချ်တာစကေး ၆.၂ အဆင့် ငလျင်တစ်ခု လှုပ်ခတ်သွားတာကြောင့် စျေးဝယ် စင်တာကြီးတစ်ခု၊ ဆေးရုံတစ်လုံး၊ ဟိုတယ်တွေ၊ လူနေအိမ်တွေ တော်တော်များများ ပြိုကျ ပျက်စီးခဲ့ပါတယ်။

ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ကလည်း ဇန်နဝါရီ ၁၉ ရက်မှာ ၉၀ ကျော်ထိ ရှိလာပြီး လူပေါင်း တစ်သောင်းလောက် ခိုလှုံရေး စခန်းတွေဆီ ပြောင်းရွှေ့ နေထိုင်နေရပါတယ်။ ​ဝီဒိုဒိုဟာ မာမူဂျူ မြို့ထဲမှာ ဒေသခံတွေ၊ ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အိုးအိမ် ပြန်လည်ထူထောင်ရေး ကဏ္ဍအတွက် အစွမ်းကုန် ကူညီပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ငလျင်ကြောင့် အကြီးအကျယ် ထိခိုက်သွားတဲ့ လူနေအိမ်တွေ ပြန်လည်ပြင်ဆင် တည်ဆောက်ဖို့ တစ်အိမ်ကို ရူပီးငွေ သန်း ၅၀ စီ အစိုးရက ထုတ်ပေးပြီး အလယ်အလတ် အဆင့်နဲ့ အသေးစား ထိခိုက်ခဲ့တဲ့ နေအိမ်တွေ အတွက်တော့ ရူပီး ၂၅ သန်းနဲ့ ၁၀ သန်းစီ အသီးသီး ရရှိစေမယ်လို့ ဝီဒိုဒိုက အာမခံခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်နေတဲ့ ကျွန်းစု နိုင်ငံဖြစ်ပြီး မီးတောင်နဲ့ ငလျင် လှုပ်ရှားမှုတွေ မကြာခဏ ကြုံရလေ့ ရှိပါတယ်။ လတ်တလောမှာလည်း မာမူဂျူမှာ ငလျင်လှုပ်ပြီး ရက်ပိုင်းလောက် ကြာလာပြီ ဖြစ်ပေမယ့် နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ရှားနေနိုင်ကြောင်း ပညာရှင်တွေက သတိပေး ကြေညာထားပါတယ်။

Subscribe to our channel at https://bit.ly/2CVSP6d
Check out our website: http://www.7daydaily.com/
Connect with us at our social media handles:
Facebook:   / 7dayonlinetv  
Twitter:   / 7day_tv  

Комментарии

Информация по комментариям в разработке