အမ်း−ပဒါန်းလမ်းမပေါ်က စစ်အုပ်စုကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်

Описание к видео အမ်း−ပဒါန်းလမ်းမပေါ်က စစ်အုပ်စုကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်

စစ်အုပ်စု ၁၀ ယောက်ခန့်သေဆုံးပြီး ဒဏ်ရာရတဲ့သူလည်း အများအပြားရှိနိုင်တယ်လို့ဆို

အီသာရမ်/MFP၊နိုဝင်ဘာ−၇

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် အမ်းမြို့ တို့ကို ဆက်သွယ်ထားတဲ့ အဓိက လမ်းပိုင်းတစ်ခုဖြစ်တဲ့ အမ်း−ပဒါန်း လမ်းမ ပေါ်က စစ်အုပ်စုကင်းစခန်းနှစ်ခုကို တော်လှန် ရေးတပ်ဖွဲ့တွေက ပစ်ခတ်စီးနင်းနိုင်ခဲ့ပြီး စစ်အုပ်စု ၁၀ ယောက်ခန့် သေဆုံးကာ ဒဏ်ရာရတဲ့သူအများအပြား ရှိနိုင်တယ်လို့ တော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ဦးစီးချုပ် နောင်သူရိန်က ပြောပါတယ်။

အဆိုပါ လမ်းပိုင်းပေါ် ဂုတ်ကြီးကျေးရွာထိပ် ဘုံဘောလမ်းဆုံနဲ့ မိုင်တိုင် ၁၁ ကင်းစခန်းနှစ်ခုမှာ စစ်အုပ်စုအင်အား ၄၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၅ ရက် မနက် ၁၁ နာရီခန့်မှာ စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

“တိုက်ပွဲကတော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားတယ်။ နာရီဝက်ဝန်း ကျင်လောက်ကြာခဲ့တယ်ပေါ့နော်။ အဲဒီအချိန် မှာ ကင်းစခန်းနှစ်ခုလုံးကို ရှင်းလင်းရေးလုပ်ဖို့ ဝင်တော့မယ့်အချိန်မှာ နတ်ရေကန်ဘက်ကနေ လက်နက်ကြီးပစ်ကူ ပေးတာနဲ့ကြုံခဲ့ရတယ်။ တခြားကင်းစခန်းတစ်ခုကနေလည်း ပစ်ကူပေးတာမျိုး၊ လက်နက်ကြီးနဲ့ပစ်တာမျိုးတွေ ကြုံခဲ့ရတယ်။ အဲဒီအချိန်မှာ ညှပ်ပူးညှပ်ပိတ်မိမှာစိုးလို့ ပြန်လည် ဆုတ်ခွာလာခဲ့ရတယ်ခင်ဗျ” လို့ PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန် က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စု ခြောက် ယောက်ခန့် သေဆုံးတာ ကို မျက်မြင်တွေ့ခဲ့ရပြီး ဒဏ်ရာရတဲ့သူတွေ သယ်ထုတ် သွားတာကို တွေ့ခဲ့ရတာကြောင့် အတိအကျမဟုတ်ပေမဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀ ယောက်ခန့် သေဆုံးနိုင်တာ သေ ချာ တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုစစ်သားတွေဟာ ကင်းစခန်းနှစ်ခုလုံးကို တိုက်ပွဲဖြစ်ပွားချိန်မှာ စခန်းစွန့်ခွာသွားကြပြီး ဒဏ်ရာရတဲ့ စစ် အုပ်စုစစ်သားတွေကို အမ်း−ပဒါန်း လမ်းဟောင်းကတဆင့် ပဒမ်းမြို့ကိုသယ်ဆောင်သွားတယ်လို့ သိရတယ်လို့ ဆို ပါတယ်။

အမ်း−ပဒါန်း လမ်းမဟာ မကွေးတိုင်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့ကို အဓိက ဆယ်သွယ် ထားတဲ့ လမ်းပိုင်းဖြစ် တာကြောင့် စစ်အုပ်စုက လုံခြုံရေးကင်းစခန်း ၂၅ ခုနဲ့ အထိုင်ချပြီး လမ်းပိုင်း လုံခြုံရေးလုပ် ဆောင်ထားတာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို လူထုတော်လှန်ရေး မဟာမိတ်အင်အားစု(PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ် (AC DF)နဲ့ မင်းဘူးခရိုင်အမှတ်−၂ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။



MFP က တင်ဆက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို အောက်ပါ ချန်နယ်တွေမှာလည်း ဖတ်ရှု့နိုင်ပါတယ်။

Website - https://mandalayfreepress.com

Youtube -    / @mandalayfreepressmfp  

Telegram - https://t.me/mandalayfreepress

Facebook -   / mandalayfreepress  

#Mandalay_Free_Press_MFP

Комментарии

Информация по комментариям в разработке