အတွင်းစိတ်ဒဏ်ရာပျောက်ကင်းစေခြင်း - Rev.Lun || Sunday Sermon (29 Sep,2024)

Описание к видео အတွင်းစိတ်ဒဏ်ရာပျောက်ကင်းစေခြင်း - Rev.Lun || Sunday Sermon (29 Sep,2024)

အတွင်းစိတ်ဒဏ်ရာပျောက်ကင်းစေခြင်း - Rev.Lun
|| Sunday Sermon (29 Sep,2024) ||
________________________________________

အတွင်းစိတ်ဒဏ်ရာပျောက်ကင်းစေခြင်း

ဆာလံ၃၄: ၁၈-၁၉
ဟေရှာယ ၆၁:၁ လုကာ၄:၁၈

အတွင်းစိတ်ဒဏ်ရာရစေသည့်အရာများ
1) ခန္ဓာကိုယ်ဒဏ်ရာရခြင်း သို့မဟုတ် ဒဏ်ရာကြောင့် တုန်လှုပ်ခြင်း။
2) ဆိုးရွားသောဖြစ်ရပ်တစ်ခု ကြုံတွေ့ရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှု သို့မဟုတ် ပြင်းထန်သောဒုက္ခခံစားရခြင်း

3) နာကျင်စရာ သို့မဟုတ် စိတ်ဆင်းရဲစရာ အတွေ့အကြုံတစ်ခုခု။
မိမိအပြစ်ကြောင့်သော်၎င်း ၊သူတပါးအပြစ်ကြောင့်သော်၎င်း ဖြစ်လာသောအရာဖြစ်သည်
ဘဝ၏နာကျင်စရာအပိုင်းများဖြတ်သန်းနေချိန်မှာ အပြစ်ရှိသောတုံ့ပြန်မှုများနှင့် မှားယွင်းသောယုံကြည်ချက်များနှလုံးသားထဲမှာ စွဲကပ်ကျန်ခဲ့သည်

စိတ်ဒဏ်ရာအပေါ်အပြစ်ရှိသောတုံပြန်မှုများ/
တရာမဲ့တုန့်ပြန်မှုများက ကျိန်ခြင်းဖြစ်လာသည်

.သိသာထင်ရှားသည့်အတွင်းအနာ
.တစ်စိတ်တစ်ပိုင်း မြှုပ်နှံထားသည့်အတွင်းအနာ
.ဖုံးကွယ်ထားသည့် အတွင်းအနာ

၁. အတိတ်ကာလက ဖြစ်ခဲ့သော လူများ / အဖြစ်အပျက်များကို တွေးသည့်အခါတိုင်း ခံစားချက်သစ်များရှိသည်။
၂. တစ်ခုခုကို ပြင်းပြင်းထန်ထန် လွန်လွန်ကျွံကျွံတုံပြန်မှုရှိ‌သည်
၃. ဘ၀တွင် အလားတူအဆိုးမြင်အခြေအနေများ သိုမဟုတ် အဖြစ်အပျက်များကို ဆက်လက်ကြုံတွေ့ရသည်

အတွင်းစိတ်ဒဏ်ရာကို ဘုရားသခင်
ကုသပေးသည့် နည်းလမ်းငါးခု
1) မျက်ရည်များ-
2) အခြားသူများ၏ဆုတောင်းချက်များ-
3) ခွင့်လွှတ်ခြင်း
4) သမ္မာတရားကိုယုံကြည်ခြင်း- ရောမ ၈:၂၈
5) ဘုရားသခင်၏ကြားဝင်ခြင်း- ယောလ ၂:၂၈

ယေရှုကိုယ်တိုင် နာကျင်ခြင်းစိတ်ဒဏ်ရာခံစားခဲ့သည် မဿဲ၂၆:၃၇-၃၈ဟေရှာယ ၅၃:၁၁-၁၂
မာကု၁၅:၃၄
ယေရှုခွင့်လွှတ်ခဲ့သည် လုကာ၂၄:၃၄ မဿဲ ၁၈:၃၀-၃၅
ယောသပ်ကိုယ်တိုင် နာကျင်ခြင်းစိတ်ဒဏ်ရာခံစားခဲ့သည် ဆာလံ၁၀၅:၁၈
သူခွင့်လွှတ်ခဲ့သည် ၊ဘုရားသခင်သည်ကောင်းဖို့ကြံစည်ကြောင်းသိသည် ကမ္ဘာ၅၀:၁၉-၂၁

လွတ်မြောက်ရာလမ်း

1) ပထမဦးစွာ၊ နာကျင်မှုကိုရင်ဆိုင်လိုစိတ်ရှိပါ

2)သင်ကိုယ်တိုင် သို့မဟုတ် ယုံကြည်စိတ်ချရသော ဝိညာဉ်ရေးမိတ်ဆွေတစ်ဦး၏အကူအညီဖြင့် သင့်အား နာကျင်စေသော သို့မဟုတ် သင့်အား ပြစ်မှားမိသူတိုင်းကို နှလုံးသားမှ အပြည့်အ၀ ခွင့်လွှတ်ခြင်းအလုပ်ကို လုပ်ဆောင်ပါ။

3) သင်ပြုလုပ်ခဲ့သည့် မည်သည့်လုပ်ရပ်အတွက်မဆို အပြည့်အဝတာဝန်ယူပါ- နောင်တရပါ၊ စွန့်လွှတ်ကာ သယ်ဆောင်ပါ၊
4) ခမည်းတော်ထံ လှည့်၍ ကျေးဇူးတင်ကြောင်းပြောပါ နှလုံးကြေကွဲသူများကို ကုသပေးသည်။

ကမ္ဘာ၄၁:၅၁၊၅၂
အမှတ်ရအောက်မေ့စရာနာကျင်မှုများကို
ကျန်းမာစေခဲ့သည် {မနာရှေ }

ဖိဆီးနှိပ်စက်ခံရသည့်နေရာမှာပင် ပွားများစေ‌သည်{ ဧဖရိမ်}
________________________________________

Thank you for watching, Please Like Share And SUBSCRIBE!!!

Subscribe & More Videos:
   / graceagyangon  

Follow Us on Social
Email: [email protected]
Facebook:   / graceagyangon  

#GraceChurch

Комментарии

Информация по комментариям в разработке