SSPP တိုက်ပွဲဝင်တော့မှာလား- BBC News မြန်မာ

Описание к видео SSPP တိုက်ပွဲဝင်တော့မှာလား- BBC News မြန်မာ

နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမရရင် စစ်ရေးနည်းလမ်းနဲ့ အဖြေရှာမယ်လို့ SSPP ဘာလို့ပြောသလဲ။

စစ်မှန်တဲ့ ပြည်ထောင်စုဒီမိုကရေစီရရှိဖို့ နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာတဲ့ နည်းလမ်း မရှိတော့တာကြောင့် တိုက်ပွဲဖြစ်ရတော့မယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောလိုက်ပါတယ်။ ဒီမိန့်ခွန်းနဲ့ပတ်သက်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆုကတော့ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်သွားမယ့်အဆင့်မျိုး ဆုံးဖြတ်ထားတာမရှိသေးဘူးလို့ သံလွင်တိုင်းမ် မီဒီယာကို ဖြေကြားထားပါတယ်။ ဒီတော့ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ရဲ့ ပြောကြားချက်က ဘယ်လိုသဘောဆောင်ပါသလဲ။ အပြည့်အစုံကို မညိုလဲ့ရည်က ပြောပြမှာပါ။
#ဘီဘီစီမြန်မာပိုင်း #SSPP/SSA

Комментарии

Информация по комментариям в разработке