ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ တရားမဝင်လာစွန့်ပစ်နေတဲ့ အီး - ဝေ့စ် (E-waste) ပြဿနာ - BBC News မြန်မာ

Описание к видео ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ တရားမဝင်လာစွန့်ပစ်နေတဲ့ အီး - ဝေ့စ် (E-waste) ပြဿနာ - BBC News မြန်မာ

မကြာခဏ ဖမ်းဆီးရမိတဲ့အထဲ အီး - ဝေ့စ် (E-waste - လျှပ်စစ်ပစ္စည်းဟောင်း၊ အီလက်ထရွန်နစ် ပစ္စည်းဟောင်း အမှိုက်တွေ) တွေကအများဆုံးဖြစ်နေပြီလို့ ကမ္ဘာ့ အကောက်ခွန်အဖွဲ့ (World Customs Organisation) က မကြာသေးခင်ကထုတ်တဲ့ အစီရင်ခံစာထဲမှာ ရေးပါတယ်။
၂၀၂၂ မှာ E-waste တန်ချိန် ၆၂ သန်းရှိတာကို တွေ့ရ ပြီး ဒါဟာ ကမ္ဘာမှာ ခပ်မြန်မြန် တိုးလာနေတဲ့ အမှိုက်မျိုးဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီက E-waste တွေကို ဆင်းရဲတဲ့ ကမ္ဘာ့တောင်ပိုင်း နိုင်ငံတွေဆီ တရားမဝင်စွန့်ပစ်မှုတွေကနေ ရာဇဝတ်ဂိုဏ်းတွေက မျိုးမျိုးမြတ်မြတ် ဝင်ငွေတွေ ရနေပါတယ်။
ဂါနာနိုင်ငံ မြို့တော် အက်ကာမှာ E-waste တွေလာစုပုံ ခံထား ရလို့ ညစ်ညမ်းနေတဲ့ နေရာများစွာနဲ့ပါ။
ဘီဘီစီ သဘာဝပတ်ဝန်းကျင် သတင်းထောက် Navin Singh Khadkaရဲ့ သတင်းလွှာကို ကိုရင်မောင်က ပြန် ပြောပြ ထားပါတယ်။

Комментарии

Информация по комментариям в разработке