“တရုတ်ဖက်က လိုချင်သမျှ အကုန်ရစေရမယ် ဆိုတဲ့ မူဝါဒကြောင့် ဒါတွေ ဖြစ်လာတာပဲလေ”

Описание к видео “တရုတ်ဖက်က လိုချင်သမျှ အကုန်ရစေရမယ် ဆိုတဲ့ မူဝါဒကြောင့် ဒါတွေ ဖြစ်လာတာပဲလေ”

“တရုတ်ဖက်က လိုချင်သမျှ အကုန်ရစေရမယ် ဆိုတဲ့ မူဝါဒကြောင့် ဒါတွေ ဖြစ်လာတာပဲလေ”

ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၉ ၁၁ ၂၀၂၄)

“တရုတ် လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့တွေ မြန်မာ့မြေပေါ်အထိ တာဝန်ယူမယ်ဆိုတဲ့ လုပ်ငန်းစဉ်ဟာ စစ်ကောင်စီဥက္ကဌရဲ့ “တရုတ်ဖက်က လိုချင်သမျှ အကုန်ရစေရမယ် ဆိုတဲ့ မူဝါဒရဲ့ နောက်ဆက်တွဲ ရလာဒ်ဖြစ်တယ်” လို့ စစ်ရေး နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နံှမှုနေရာတွေကို တရုတ်လက်နက်ကိုင်တွေကိုယ်တိုင် လုံခြုံရေးယူဖို့ စစ်ကောင်စီဖက်က သဘောတူလက်မှတ်ရေးထိုးပေးလိုက်ပြီ- ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

MNDAA ခေါင်းဆောင်ကို တရုတ်ဖက်က ထိန်းသိမ်းထားတယ်ဆိုတဲ့သတင်းရဲ့ နောက်ဆုံးထူးခြားချက်...

တရုတ်ဖိအားကြောင့် လားရှိုးကနေ MNDAA ဆုတ်ခွာပေးရနိုင်သလား...

တရုတ်လက်နက်ကိုင်လုံခြုံရေးတွေ မြန်မာ့မြေပေါ်ရောက်လာရင် ဘာတွေ ဆက်ဖြစ်နိုင်သလဲ...

တရုတ်ဖက်က ဒီလိုဆောင်ရွက်ချက်တွေက နွေဦးတော်လှန်ရေးကို အနှောက်အယှက်ဖြစ်နိုင်သလား...

အညာစစ်မျက်နှာဟာ အဆုံးအဖြတ်ပေးမယ့် နေရာလို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
   / burmanewsnetwork   ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။

Комментарии

Информация по комментариям в разработке