ကျောက်မဲနဲ့ မိုးကုတ်က လက်နက် ၁၀၀ ကျော် TNLA သိမ်းပိုက်... လားရှိုးက စစ်သား ၃၀၀ ကျော် MNDAA ထံ ...

Описание к видео ကျောက်မဲနဲ့ မိုးကုတ်က လက်နက် ၁၀၀ ကျော် TNLA သိမ်းပိုက်... လားရှိုးက စစ်သား ၃၀၀ ကျော် MNDAA ထံ ...

ကျောက်မဲနဲ့ မိုးကုတ် စစ်တပ်စခန်းက လက်နက် ၁၀၀ ကျော် TNLA သိမ်းပိုက်... လားရှိုးက စစ်သား ၃၀၀ ကျော် MNDAA ထံ လက်နက်ချ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ …

(၂၄- ၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၉ ရက်မြောက်နေ့ ကျောက်မဲနဲ့ မိုးကုတ်မှာ တိုက်ပွဲပြင်းထန်ပြီး သုံ့ပန်းတွေနဲ့ လက်နက်မျိုးစုံ ၁၀၀ ကျော် သိမ်းမိတယ်လို့ PSLF/TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၀ ကနေ ၂၂ အတွင်း TNLA နဲ့ PDF (ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်မ ၁၁ လက်အောက်ခံ ခလရ ၂၀၂၊ ၂၀၃ တို့ တိုက်ပွဲဖြစ်ပြီး နမ့်ဆီလင်း ဘုန်းကြီးကျောင်း နဲ့ အေးရှားဝေါ တိုးဂိတ်ကို သိမ်းပိုက်ပါတယ်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းတဲ့အခါ ၁၂၀ မမ မော်တာ၊ စက်လတ် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၈၅ လက် သိမ်းမိ၊ စစ်ကောင်စီအလောင်း ၅၄ လောင်းနဲ့ စစ်သုံ့ပန်း ၄၀ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မိုးကုတ်မြို့နယ်မှာ ရတနာကြေးမုံ ကျောင်းနဲ့ ကုလား ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို TNLA နဲ့ ဒေသခံ ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်နေပါတယ်။ မိုးကုတ်မြို့ (အရှေ့ပိုင်း) ရဲစခန်းမှာလည်း TNLA နဲ့ PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့က ခလရ (၇၁/၈၈) ကို တိုက်ခိုက်နေပါတယ်။

ဇူလိုင် ၂၃ မှာ မိုးကုတ်မြို့ ချမ်းသာကြီး ရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဆီက လက်နက်ငယ် ၁ လက်၊ စစ်သုံ့ပန်း ၁၉ ဦး ဖမ်းဆီးရမိပါတယ်။ မစိုးရိမ် ကျောင်းတိုက်ကလည်း လက်နက်ငယ် ၁၆ လက်၊ RPG ၁ လက်၊ ၆၀ မမ ၁ လက်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အလာင်း ၁၆ လောင်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- စစ်ကောင်စီတပ်က ဒုတိယ ဗိုလ်မှူးကြီး အပါအဝင် တပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချတယ်လို့ MNDAA (မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) က ဗွီဒီယို သတင်းထုတ်ပြန်...

- လားရှိုးရှိ ခလရ ၄၁ နဲ့ ခလရ ၆၈ ဌာနချုပ်ကို MNDAA နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြ...

- သံတွဲမြို့ကို အပြီးသတ် သိမ်းနိုင်ရေးအတွက် စစ်ကောင်စီရဲ့ နောက်ဆုံး ခံတပ်တွေထဲက တခုဖြစ်တဲ့ မောင်ရွှေလေးရေတပ်စခန်းကို AA (အာရက္ခတပ်တော်) က ထိုးစစ်ဆင်နေ...

- ရေးမြို့နယ်၊ မော့ကနင် ရွာသစ် ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။    / burmanewsnetwork  )

Комментарии

Информация по комментариям в разработке