Collective Trauma in Myanmar Communities Episode (1)

Описание к видео Collective Trauma in Myanmar Communities Episode (1)

အခုနိုင်ငံရေးအခြေနေအရ ‌ဖြစ်ပျက်နေတဲ့ အနေထားအောက်မှာ ကျွန်မတို့ပြည်သူအားလုံး တစ်နိုင်ငံလုံးဟာ trauma ပေါင်းစုံကို ခံစားလာကြရပါတယ်။ ဒါကို collective trauma လို့ ခေါ်ပါတယ်။

အခုချိန်မှာ လူအများစု ဖြစ်နေကြတဲ့ trauma က တော့ survival guilt ပဲ ဖြစ်ပါတယ်။
"ငါတို့က ဘာလို့ ဒီလို နေနိုင်၊စားနိုင်နေရသေးတာလဲ"
"ဆုတောင်းပေးတာကလွဲလို့ ဘာမှမလုပ်ပေးနိုင်လို့ တောင်းပန်ပါတယ်"
"ကိုယ် က ဘာမှမဖြစ်ဘဲ ကိုယ့်သူငယ်ချင်းကျ ဘာလို့ ဒီအဖြစ်ဆိုးကို ကြုံရတာလဲ" စသဖြင့် ကိုယ့်ကိုယ်ကိုအပြစ်တင်လာကြပါတယ်။

တော်လှန်ရေးကာလရဲ့ဆန္ဒပြပွဲမှာ ကိုယ် က ကယ်တင်ဖို့ ကြိုးစားပေမဲ့
ကိုယ့် အရှေ့တင် အဖမ်းခံလိုက်ရတာ၊ ပစ်သတ်ခံလိုက်ရတာ စတဲ့ အဖြစ်ဆိုးတွေကို ကြုံတွေ့ရသူတွေလည်းအတော်များပါတယ်။
တချို့ဆို ကိုယ့်ဖြစ်တည်မှုကိုပါ မ‌ကျေမနပ်ဖြစ်လာပြီး suicide လုပ်ဖို့အထိ ဖြစ်လာကြပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလမှာ အဖေ၊အမေကို ဆုံးရှုံးလိုက်ရတာ၊ ကိုယ့်မိဘကို ရိုက်နှပ် ဖမ်းဆီးသွားတာကို မြင်လိုက်ရတာ၊ သေနတ်သံ၊ ဗုံးသံတွေကို အမြဲကြားနေရတာ စသဖြင့် ဆိုးဝါးလှတဲ့အဖြစ်ပျက်တွေကို ငယ်ရွယ်နုနယ်လှသေးတဲ့ကလေးငယ်လေးတွေပါ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ဒီလို စိတ်ခံစားမှုတွေကို ကျွန်မတို့ လူကြီးတွေတင််က ကလေးငယ်တွေပါ အတူခံစား‌‌နေကြရပါတယ်။ ဒီတော့ အခုလို ရှင်သန်ဖို့ ခက်ခဲလှတဲ့ ကာလဆိုးကြီးမှာ ကျွန်မတို့ ကလေးတွေရဲ့ mental health ကို ဘယ်လိုဂရုစိုက်ပေးကြမလဲ?

ကျွန်မတို့ရော ရှေ့ဆက်ပြီး စိတ်ကျန်းမာ၊ လူကျန်းမာနဲ့ လိုရာခရီးကို အရောက်သွားနိုင်ကြဖို့ ကိုယ့်ကိုယ်ကိုရော ဘယ်လိုပြန်ဂရုစိုက်ကြမလဲ?

ကျွန်မတို့ အခုလို ခံစားနေကြရတာဟာ ပုံမှန် ဟုတ်ရဲ့လား ဆိုတာကို ဒီ video လေးမှာ ကျွန်မတို့ စိတ်ကျန်းမာရေး ပညာရှင်များ ဖြစ်ကြတဲ့ ကျမ ဂျူဂျူး နဲ့အတူ Professional Counsellor - Ma Diana,Psychologist - Ma Gabriella နဲ့ Licensed Marriage and Family Therapist:- Ma Su Su Maung တို့က ဆွေးနွေးပြောပြထားတာမို့ မိမိနှင့်တကွ ချစ်ရတဲ့သူတွေ စိတ်ကျန်းမာရေးအားကောင်းစေလိုပါက ကြည့်ရှုလေ့လာနိုင်ပါတယ်။

ပြီးရင် အခုတလော ဘယ်လိုတွေ ကြုံတွေ့ခံစားနေရလဲ ဆိုတာလဲ ဒီ post ရဲ့ comment box မှာ ရင်ဖွင့် ပြောပြခဲ့နိုင်ပါတယ်။

Комментарии

Информация по комментариям в разработке