နိုင်ငံရေးမှာ ဒူးထောက်၊ လက်မြှောက်တဲ့သူ မဟုတ်ဘူး (ရုပ်/သံ)

Описание к видео နိုင်ငံရေးမှာ ဒူးထောက်၊ လက်မြှောက်တဲ့သူ မဟုတ်ဘူး (ရုပ်/သံ)

နိုင်ငံရေးမှာ ဒူးထောက်၊ လက်မြှောက်တဲ့သူ မဟုတ်ဘူး (ရုပ်/သံ)

ဘုန်းအောင်၊ အောက်တိုဘာ ၈၊ ၂၀၂၄

အသက် ၇၃ နှစ်အရွယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ဒုတိယဥက္ကဋ္ဌ (၂ ) နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာ ၇ ရက်နေ့ မနက်ပိုင်းက မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။

သက်တမ်းတလျှောက်လုံးနီးပါး နိုင်ငံရေးသမားဘဝဖြင့် ဖြတ်သန်းခဲ့ရတဲ့ ဆရာဝန် ဒေါက်တာဇော်မြင့်မောင်ဟာ နောက်ဆုံးအချိန်အထိ မိသားစုနဲ့ တွေ့ဆုံခွင့်မရသွားဘဲ မန္တလေး၊ အိုးဘိုထောင်ရဲ့ အပူဒဏ်၊ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရတဲ့ ဒဏ်တို့ကို အံတုရင်း သေဆုံးခဲ့ရတာပါ။

NLD အမတ်အဖြစ် အမရပူရမြို့နယ်က အရွေးခံရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရပြီး ၁၉ နှစ် ထောင်ထဲမှာ နေခဲ့ရပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်အရွေးခံရပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မန္တလေးတိုင်း ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် ထပ်မံအဖမ်းခံရပြီး ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်ကာလမှာ မန္တလေးမြို့ကို Smart City Award နည်းပညာဆိုင်ရာ အသုံးချမှုဆု ရရှိပြီး နိုင်ငံတကာမှာ အသိအမှတ်ပြုခံရအောင် ကြိုးစားနိုင်ခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ရဲ့ နိုင်ငံရေး သမားဘ၀ ဖြတ်သန်းမှု ၊ ထောင်တွင်းဘ၀ ဖြတ်သန်းခဲ့ရမှု အခြေအနေ တွေနဲ့ ပက်သက်ပြီး ဒေါက်တာဇော်မြင့်မောင်ရဲ့
ငယ်သူငယ်ချင်းလည်း ဖြစ်၊ ထောင်ထဲမှာ နှစ်ရှည်လများ အတူတူနေထိုင် ဖြတ်သန်းခဲ့တဲ့ စာရေးဆရာ မျိုးမြင့်ညိမ်းကို ဧရာ၀တီက ဆက်သွယ်မေးမြန်းထားပါတယ်။

#မြန်မာ #ဧရာဝတီ #ဒေါက်တာဇော်မြင့်မောင် #မန္တလေး #NLD

Комментарии

Информация по комментариям в разработке