ခန္တီးမှာ ရေကြီးလို့ သုံးဦးသေဆုံး၊ မြို့လုံးကျွတ်နီးပါးနဲ့ ကျေးရွာအိမ်ခေါင်မိုးထိ ရေမြုပ်

Описание к видео ခန္တီးမှာ ရေကြီးလို့ သုံးဦးသေဆုံး၊ မြို့လုံးကျွတ်နီးပါးနဲ့ ကျေးရွာအိမ်ခေါင်မိုးထိ ရေမြုပ်

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဖျားပိုင်း ခန္တီးမြို့အပါအဝင် မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေ ရွာလုံးကျွတ် ရေနစ်မြုပ်နေသလို ခန္တီးမြို့ပေါ်က ပြည်သူသုံးဦးလည်း ရေဘေးကြောင့် သေဆုံးသွားတယ်လို့ ခန္တီးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

ခန္တီးမှာ ဇူလိုင်လ ၂ ရက် ကစပြီး ရေကြီးနစ်မြုပ်နေတာ တစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်ရာ ဒီကနေ့မှာလည်း မိုးသည်း ထန်စွာ ရွာသွန်းနေတာကြောင့် မြစ်ရေက အတက်ဘက်မှာပဲရှိနေပြီး ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက် နေတဲ့အတွက် ရွာတွေဘက်က အသေအပျောက် ရှိမရှိအခြေအနေကိုမသိရသေးဘူးလို့ အဆိုပါမြို့ခံက ဆိုပါတယ်။

ရေစတင်ဝင်ရောက်စဉ်ကတည်းက နာရီပိုင်းအတွင်းမှာပဲ ရေတက်ကြမ်းတာကြောင့် ခန္တီးမြို့တစ်ဈေးလုံး၊ ဆန်စက် တွေနဲ့ နေအိမ်အတွင်းက ပစ္စည်းတွေ ရွှေ့ပြောင်းချိန်မရလိုက်ဘဲ ရေနစ်မြုပ်ကုန်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ချင်းတွင်းမြစ်ဘေးကခန္တီးမြို့နဲ့ ကျေးရွာတွေရဲ့ ရေကြီးနစ်မြုပ်မှုအခြေအနေ၊ သေဆုံးမှုအခြေအနေတွေနဲ့ လက်ရှိဘေးအခြေအနေတွေအကြောင်းကို ခန္တီးမြို့ခံတစ်ဦးကို MFP ကဆက်သွယ်မေးမြန်းထားပါတယ်။

#Mandalay_Free_Press_MFP

Комментарии

Информация по комментариям в разработке