ကိုယ့်ကိုကိုယ် ၁၀၀%အပြည့်ဘယ်လိုချစ်ရမလဲ။အရိုးရှင်းဆုံး အဆင့်၃ဆင့် | Relationship Myanmar

Описание к видео ကိုယ့်ကိုကိုယ် ၁၀၀%အပြည့်ဘယ်လိုချစ်ရမလဲ။အရိုးရှင်းဆုံး အဆင့်၃ဆင့် | Relationship Myanmar

ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ ကိုယ့်ကိုကိုယ်100% အပြည့်အဝဘယ်လိုချစ်ရမလဲဆိုတဲ့အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ်တကယ်ချစ်ပြီလားဆိုတာသိရပါမယ်။ဒီနေ့လုပ်တဲ့အရာတွေမနေ့ကလုပ်တဲ့အရာတွေကို ကိုယ့်ကိုကိုယ်ချစ်တဲ့အချိန်မှာလုပ်ရဲ့လားဆိုတာကိုစဉ်းစားရပါမယ်။ကိုယ့်ကိုကိုယ်ချစ်တယ်ဆိုပြီးညာနေတာတွေ၊ညှာနေတာတွေရှိတတ်ပါတယ်။ကိုယ့်ဘာသာတကယ်ချစ်တယ်ဆိုရင်လုပ်ရမယ့်အချက်သုံးချက်ရှိပါတယ်။

ပထမအချက်အနေနဲ့ကိုယ့်ကိုကိုယ်ခွင့်လွှတ်ရပါမယ်။အတိတ်တုန်းကမှားခဲ့တဲ့အရာတွေကို အိပ်ခါနီးအချိန်တွေမှာသွားပြီးတွေးနေတတ်ပါတယ်။အဲ့လိုတွေးနေတာက နောင်တတွေပဲရပြီးနောက်ရက်တွေမှာ အားအင်အပြည့်နဲ့ ကောင်းမွန်စွာနိုးထနိုင်မှာမဟုတ်ပါဘူး။ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို ခွင့်လွှတ်ပြီးသင်ယူဖို့လိုအပ်ပါတယ်။

ဒုတိယအဆင့်ကတော့ ကိုယ့်ကိုကိုယ်နေဖို့အတွက်မေ့နေကြပါတယ်။ဒီအရာတွေတတ်မှ၊ဒါတွေလုပ်တတ်မှ သူများတွေကြိုက်လိမ့်မယ်ဆိုပြီးကိုယ့်ပုံစံအတိုင်းနေဖို့ မေ့နေတတ်ကြပါတယ်။ကိုယ့်ကိုသူများတွေချစ်ဖို့
သူများတွေကြိုက်ဖို့မနေဘဲကိုယ့်ပုံစံနဲ့ကိုယ်နေဖို့လိုအပ်ပါတယ်။ ကိုယ့်ပုံစံအတိုင်းကိုယ့်ကိုကိုယ်မချစ်နိုင်တဲ့လူတစ်ယောက်က သူများကိုချစ်ဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူး။

တတိယအချက်ကတော့ အာရုံစိုက်မှုပဲဖြစ်ပါတယ်။ကိုယ်ကအတိတ်ကာလကိုအာရုံစိုက်နေသမျှကာလပတ်လုံးဝမ်းနည်းနေရတတ်ပါတယ်။ ကိုယ့်လုပ်ခဲ့တဲ့အမှားတွေ အလွဲတွေကိုအာရုံစိုက်ပြီး လုပ်နေတာနဲ့ကိုယ့်ကိုကိုယ်အာရုံစိုက်ဖို့မေ့နေတတ်ပြီး ချစ်ဖို့ကိုပါမေ့နေတတ်ကြပါတယ်။

ကိုယ့်အနေနဲ့ကော ကိုယ့်ကိုယ်ကို 100%ချစ်နိုင်ပြီးလားဆိုတာကို Videoမှာအသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

Life & Relationshipစတဲ့အကြောင်းအရာတွေကို ပိုပြီးလေ့လာချင်ရင်

Right People ,Right Time ဆိုတာဘာလဲ။
   • ချစ်သူထားတဲ့အခါ Right People ,Right T...  

ကိုယ့်ချစ်သူ၊ အမျိုးသားကကိုယ့်ကိုဘာကြောင့်လျစ်လျူရှုထားတာလဲ။ဒါဆိုဘယ်လိုအကောင်းဆုံးတုံ့ပြန်မလဲ။
   • ကိုယ့်ချစ်သူ၊ အမျိုးသားက ကိုယ့်ကို ဘာ...  

ကိုယ့်ကိုကိုယ် ချစ်ခြင်းဆိုတာ Relationship တွေရဲ့ အခြေခံအစပဲ၊
   • ကိုယ့်ကိုကိုယ် ချစ်ခြင်းဆိုတာ Relatio...  

Aung Htet Khant-Relationship Coach Channelကို Subscribeလုပ်ထားပေးဖို့
လိုအပ်ပါတယ်။
   / @aunghtetkhant-relationship9101  

Aung Htet Khant-Facebook Pageကိုလည်း Like & Follow လုပ်ထားပေးဖို့မျှော်လင့်ပါတယ်။
  / aunghtetkhantcoach  



Relationship ပြဿနာတွေကို တစ်ဦးချင်းဆွေးနွေးနိုင်ဖို့အတွက်
Messengerတွင်အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
  / aunghtetkhantcoach  


#Relationship #Relationshipcoaching #Psychology

Комментарии

Информация по комментариям в разработке