Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် -

Описание к видео Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် -

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့နိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop နဲ့ အကြမ်းဖက် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အကျပ်အတည်း ပြေလည်အောင် အနိုင်-အရှုံးတွက် ချက်နေတာတွေကို ဖြတ်ကျော် အဖြေရှာဖို့ တိုက်တွန်းပြောဆိုသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားချက်အရ သိရပါတယ်။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီ တပ်တွေ အတွက် ရိက္ခာပို့မယ့် စစ်ယာဉ်တန်းကို အမ်း - ပဒန်း လမ်းပိုင်းမှာ တော်လှန်ရေးပူးပေါင်း တပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ ထွက်ပြေးတဲ့ စစ်ကားပါ တိမ်းမှောက်သွားပြီး အဲ့ဒီ့မှာပါ စစ်သားတွေ ထပ်သေ ကြပြန်တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တပ်ဖွဲ့ တာဝန်ခံ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့အနီးက Kiamtlang စစ်တပ် စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ ဗိုလ်မှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို အရှင်ဖမ်းမိထားပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии

Информация по комментариям в разработке