NUG တစ်နှစ်အတွင်း အဆုံးသတ်တိုက်ပွဲ တကယ်တမ်း ဖော်နိုင်မလား- BBC News မြန်မာ

Описание к видео NUG တစ်နှစ်အတွင်း အဆုံးသတ်တိုက်ပွဲ တကယ်တမ်း ဖော်နိုင်မလား- BBC News မြန်မာ

အခုလာမယ့် တစ်နှစ်တာ ကာလဟာ အဆုံးသတ် တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ပဲ ဆိုပြီး NUG က လတ်တလောမှာပဲ ထုတ်ပြန်ပါတယ်။ သူတို့ဟာ မဟာမိတ် အင်အားစုတွေနဲ့ မဟာဗျူဟာမြောက် စုစည်းထားတယ်၊ အာဏာသိမ်းစစ်တပ်ကို ဘက်ပေါင်းစုံက ထိုးနှက်မယ် လို့လည်း ဆိုထားပါတယ်။

ဒီတော့ အခု လာမယ့် တစ်နှစ်တာ အတွင်း NUG ကြွေးကြော်ထားသလို လက်နက်ကိုင်တော်လှန်ရေး နောက်ဆုံးအဆင့်ကို ရောက်လာပြီး အောင်အောင်မြင်မြင် အဆုံးသတ်ဖို့ ဆိုတာ ပကတိ အခြေအနေတွေကို ထင်ဟပ်ပါရဲ့လား။ ဘယ်လောက် လက်တွေ့ကျသလဲ .. စတာတွေကို ဒီတစ်ပတ် အာရုံစိုက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့်တာဝန်တွေ ယူခဲ့ပြီး မြန်မာ့ အရေးကို နှစ်ရှည်လများ အနီးကပ် စောင့်ကြည့်လေ့လာခဲ့တဲ့ သုတေသီ ဒေးဗစ် မက်သီဆန်နဲ့၊ မူဝါဒပိုင်းနဲ့ ပဋိပက္ခရေးကို အထူးပြုလေ့လာသူ နယူးဒေလီ အခြေစိုက် Center for Policy Research သုခမိန် အဖွဲ့က အကြီးတန်း သုတေသီ အန်ရှူမန်ချောက်ဒရီတို့ ဖြစ်ပါတယ်။

ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Комментарии

Информация по комментариям в разработке