Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Описание к видео Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-NUGနှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းတာမျိုး ၊ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး ပြုလုပ်ဖို့ မရှိပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်မူကို ဆက်လက်စွဲကိုင်ထားမှာဖြစ်တယ်လို့ MNDAA က တရားဝင်ကြေညာလိုက်ပြီး ၊ ဒါဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအပေါ် တရုတ်ရဲ့ ဖိအား အလွန်ကြီးမားနေတာဖြစ်တယ်လို့လည်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောထားပါတယ်။

-TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက် စစ်ကောင်စီက ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မနက်အစောပိုင်းမှာပဲ လေယာဉ်နဲ့လာပြီး ဗုံးကျဲချမှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီး ထားတယ်လို့ ခေဒသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရွာသစ်ကလေးကျေးရွာက အမျိုးသား အယောက် ၂၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်က တပ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии

Информация по комментариям в разработке