မြနန်းစံကျော်ရွှေနန်းတော်

Описание к видео မြနန်းစံကျော်ရွှေနန်းတော်

မင်းတုန်းမင်းလက်ထက်မှာ စတင်တည်ဆောက်ခဲ့တဲ့ မန္တလေးနန်းတော်ကြီးဟာဆိုရင် မြန်မာဘုရင်တို့ နောက်ဆုံးထီးနန်းစိုက်ခဲ့တဲ့နေရာဖြစ်ပြီး ဒီနန်းတော်ကြီးကိုတော့ "မြနန်းစံကျော်ရွှေနန်းတော်" လို့လည်း သတ်မှတ်ခေါ်ဆိုကြပါတယ်။✨ နန်းတော်ကြီးရဲ့ နန်းဆောင်တော်တော်များများဟာ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက မဟာမိတ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ပေမယ့်လည်း ၁၉၉၀ လွန်နှစ်တွေမှာတော့ မူလပုံသဏ္ဍာန်အတိုင်း ပြန်လည်တည်ဆောက်ခဲ့တာကြောင့် ဒီနေ့အချိန်မှာဆိုရင် ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုအဖြစ်ရှိလို့နေပြီဖြစ်ပါတယ်။ 🤩

ရှေးခေတ်မြန်မာဘုရင်တွေရဲ့ နေထိုင်မှုပုံစံ၊ အဆောင်အယောင်လက်ရာတွေကို တွေ့မြင်နိုင်တဲ့ "မြနန်းစံကျော်ရွှေနန်းတော်"ရဲ့အကြောင်းကိုတော့ အောက်ကဗီဒီယိုလေးထဲမှာ ဆက်လက်လေ့လာရှုစားနိုင်ပါတယ်နော်။ 🤩

အသံသီးသန့်နားထောင်လိုကြသူ ပရိသတ်တွေကတော့ အောက်ပါလင့်ခ်ကနေတစ်ဆင့်ဝင်ရောက်ပြီး နားဆင်နိုင်ပါတယ်။ 👇

Podcast Link : https://bit.ly/3rIVQzQ

#ZLann #ZLann_Podcast #MandalayPalace

Комментарии

Информация по комментариям в разработке