အာလူးတစ်ခြမ်းလက်ရာများ ချင်းမိုင်ခေါက်ဆွဲ by Chef Myint Oo Tha

Описание к видео အာလူးတစ်ခြမ်းလက်ရာများ ချင်းမိုင်ခေါက်ဆွဲ by Chef Myint Oo Tha

ချစ်စွာသောပရိသတ်ကြီး မင်္ဂလာပါ အာလူးတစ်ခြမ်းလက်ရာများအစီစဉ်မှ ကြိုဆိုပါတယ်။
--------------------------------------------------------------
ဒီတစ်ပတ်အစီစဉ်ကိုတော့ အာလူးတစ်ခြမ်းလက်ရာများအစီအစဉ်ရဲ့ ပင်တိုင်ပါဝင်တင်ဆက်နေတဲ့ စားဖိုမှူးကြီး မြင့်ဦးသာ "ချင်းမိုင်ခေါက်ဆွဲ”လုပ်နည်းကို တင်ဆက်လိုက်ပါတယ်။

အာလူးတစ်ခြမ်းလက်ရာများအစီအစဉ်ကို FOOD Magazine Myanmar နဲ့ Half Potato Food Television တို့မှာ အပတ်စဉ်အစီအစဉ်အသစ်များနဲ့ သောကြာ ညနေ ၆ နာရီတိုင်းနှင့် စနေ၊ တနင်္ဂနွေ ၁၁နာရီတိုင်း တင်ဆက်နေတာဖြစ်ပါတယ်။

အာလူးတစ်ခြမ်းလက်ရာများအစီအစဉ်အပါဝင် အခြားစိတ်ဝင်စားဖွယ် အစီအစဉ်အားလုံးတစ်စုတစ်စည်းတည်း ပြန်ကြည့်ချင်တယ်ဆိုရင်တော့

https://www.foodmagazinemyanmar.com/f...
တို့မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ ကဲ-- ကြည့်လိုက်ကြရအောင်။

ချင်းမိုင်ခေါက်ဆွဲ
Kao Soi Curry Paste အတွက် ပါ၀◌င်ပစ္စည်း
ကြက်သွန်နီ - ၁၆၀ ဂရမ်
ကြက်သွန်ဖြူ - ၃၅ ဂရမ်
ငရုတ်သီးခြောက် - ၂၀ ဂရမ်(ရေစိမ်ထားပါ)
ပတဲကော - ၁၂ ဂရမ် (နုပ်နုပ်စဥ◌်းထားပါ)
စပါးလင် - ၂ ချောင်း (ပါးပါးလှီးထားပါ)
ရှောက်ဘီလူးအခွံ - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
နံနံပင်အမြစ် - ၈ ပင်
ငါးပိ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း (မီးကင်ထားပါ)
နံနံစေ့ - စားပွဲဇွန်း ၂ ဇွန်း
ဇီရာ - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ငရုတ်ကောင်းစေ့ - ၁၀ စေ့
ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ခေါက်ဆွဲဟင်းရည်အတွက် ပါ၀◌င်ပစ္စည်း
ကြက်ရိုးပြုတ်ရည် - ၂ လီတာ
ကြက်သွန်နီ - ၇၅ ဂရမ် (နုပ်နုပ်စဥ◌်းထားပါ)
ကြက်သွန်ဖြူ - ၂၅ ဂရမ် (နုပ်နုပ်စဥ◌်းထားပါ)
ငရုတ်သီးမှည့်အနီ - ၃ တောင့် (နုပ်နုပ်စဥ◌်းထားပါ)
ဆီ - စားပွဲဇွန်း ၃ ဇွန်း
အုန်းနို့ - ၈၀၀ မီလီလီတာ
သံပရာရည် - စားပွဲဇွန်း ၂ ဇွန်း
ထိုင်းငံပြာရည် - စားပွဲဇွန်း ၄ ဇွန်း
ထိုင်းထန်းလျက် - စားပွဲဇွန်း ၂ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Garnish အတွက် ပါ၀◌င်ပစ္စည်း
ခေါက်ဆွဲအစို - ၄၀၀ ဂရမ် (၈ ပွဲအတွက်)
ခေါက်ဆွဲခြောက်ကြော်
ငရုတ်သီးကြော်
နံနံပင် - အနည်းငယ် (ပါးပါးလှီးထားပါ)
ကြက်သွန်နီ (ပါးပါးလှီးထားပါ)
ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ)
သံပရာသီး (စိတ်ထားပါ)
ထိုင်းကြံမဆိုင် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း
၁။ နံနံစေ့နဲ့ ဇီရာကို လှော်ပြီးထောင်းထားပါ။
၂။ Kao Soi Curry paste အတွက်လိုအပ်တဲ့ ပါ၀◌င်ပစ္စည်းအားလုံးကို ရောပြီးထောင်းထားပါ။
၃။ ပြီးလျှင် ချက်မည့်အိုးထဲကို ဆီထည့်ပြီး နုပ်နုပ်စဥ◌်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအမှည့်အနီတို့ကို ထည့်ပြီး ဆီသတ်ပါ။
၄။ ပြီးလျှင် ထောင်းထားတဲ့အနှစ် ထောင်းထားတဲ့ ဇီရာနဲ့ နံနံစေ့ကို ဆီသတ်ပေးပါ။ ပြီးလျှင် အုန်းနို့တစ်ခွက်ထည့်ပြီး ဆီသတ်ပါ။
၅။ မွှေးပြီး အပေါ်ဆီတက်လာရင် ကြက်သားထည့်ပြီး မွှေပေးပါ။
၆။ အသားအရောင်ပြောင်းပြီးတင်းလာရင် ကြက်ပြုတ်ရည်ထည့်ပါ။
၇။ ဆူလာရင် ကျန်တဲ့ အုန်းနို့ကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး မွှေပေးပါ။
၈။ ပြီးလျှင် ငံပြာရည်၊ ထိုင်းထန်းလျက်၊ ဆား၊ သံပရာရည်ထည့်ပြီး မွှေပေးပါ။
၉။ မီးအရှိန်လျော့ပြီး ကြက်သားနူးအောင်ချက်ပါ။ (၂၀- ၃၀ မိနစ်)
၁၀။ ပြီးလျှင် တစ်ပွဲစာခေါက်ဆွဲထည့်ပြီး ဟင်းရည်လောင်းထည့်ပါ။ ပြီးလျှင် ခေါက်ဆွဲခြောက်ကြော်၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ထိုင်းကြံမဆိုင်၊ ငရုတ်သီးကြော်ထည့်ပြီး သုံးဆောင်ပါ။

#Food_Magazine_Myanmar
#Half_ Potato_Food_Television
#ChefMyintOoTha
#ချင်းမိုင်ခေါက်ဆွဲ

Комментарии

Информация по комментариям в разработке