ရလခတိုင်းကို စစ်အင်အားဖြည့်ပြီး ရှမ်းမြောက် ကို ထိုးစစ်ဆင်နေ - DVB Digital First

Описание к видео ရလခတိုင်းကို စစ်အင်အားဖြည့်ပြီး ရှမ်းမြောက် ကို ထိုးစစ်ဆင်နေ - DVB Digital First

#dvbtvnews #digitalfirst

စစ်ကောင်စီက အရှေအလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်ကို စစ်အင်အားဖြည့်ပြီး ရှမ်းမြောက်ကိုထိုး စစ်ဆင်နေတာဖြစ်တယ်လို့ ရလခတိုင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ် အရှေပိုင်း၊တောင်ပိုင်းနဲ့မြောက်ပို င်းထိစပ်နယ်မြေတွေကို တာဝန်ယူထားတဲ့ ခိုလမ် အခြေစိုက် ရလခတိုင်းစစ်ဌာနချုပ်ကို စက်တင် ဘာလ အစောပိုင်းက စလို့.စစ်ကောင်စီက စစ်အင်အားအများအပြား ပို့ဆောင်ခဲ့တာဖြစ်တယ် လို့ ရလခတိုင်း သတင်းအရင်းအမြစ်က ပြော ပါတယ်။

"ရလခကို စက်တင်ဘာ ၆ ရက်ကတည်းက တပ် မ ၅၅ ဒရုန်းတပ် ခြေလျင်တပ်တွေ အကုန်ပိုတာ နေပြည်တော်က တပ်တွေလည်းပါတယ် ပြီးတော့ ရမခက ခွာစစ်ဆင်လာတဲ့ တပ်တွေလည်း ရှိတယ် အင်အားကအတော်များတယ် "လို့ ပြော ပါတယ်။

အရင်က ရပခတိုင်းစစ်ဌာနချုပ် လက်အောက် ခံ ထုတ်နှုတ်စစ်ကြောင်းတွေကို စစ်ကူပို့ပေမယ့် သတင်းပေါက်ကြားတာနဲ့ လမ်းခရီးမှာ ဖြတ်တိုက်ခံရတာကြောင့် ရလခတိုင်းမှာသာ တပ်အင် အားစုပြီး နောင်ချိုမြို့ကို ပို့ဆောင်တာဖြစ်တယ် လို့ စစ်ရေးသတင်းအရင်းအမြစ်က ဒီဗွီဘီ ကို ပြောပါတယ်။

"အဓိက စစ်တပ်က တောင်ခမ်းကို ဦးစားပေးပို့ တာ ကစထမှုး ၂ က တန့်ယန်းက တိုက်ရိုက်ကွပ် ကဲတာ တောင်ခမ်းမှာ တပ်ဘက်က အတော်လ ည်းအထိနာနေတာ မိုင်းရယ်နဲ့ ခိုလမ်က တပ်တွေကို လေကြောင်းကနေ ပိုတယ် "လို့ ပြောပါ တယ်။

လက်တလောမှာ တောင်ခမ်းတပ်နယ်မှာ စစ် ကောင်စီတပ်တွေနဲ့ တအောင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA တိုက်ပွဲဆက်ဖြစ် နေဆဲဖြစ်ပါတယ်။

#ကနေဦးသတင်း #myanmar

Download the DVB Mobile App:
Android - https://bit.ly/dvbmobile
IOS - https://bit.ly/dvbapple

Support DVB - https://burmese.dvb.no/membership
Subscribe -    / dvbtvnews  
Follow - https://t.me/dvbtvnews

Комментарии

Информация по комментариям в разработке