ချောင်းဦး ကံကြီးကုန်းရွာ ပျူစခန်းသိမ်းဖို့ ‌တော်လှန်ရေးအဖွဲ့တွေ ရက်ဆက်ထိုးစစ်ဆင်

Описание к видео ချောင်းဦး ကံကြီးကုန်းရွာ ပျူစခန်းသိမ်းဖို့ ‌တော်လှန်ရေးအဖွဲ့တွေ ရက်ဆက်ထိုးစစ်ဆင်

လက်နက်ကြီး ၊ ဒရုန်းဗုံးသီးတွေနဲ့ တစ်နေကုန် ၊ တစ်ညလုံး ပစ်ခတ်တိုက်ခိုက်

MN/MFP ၊ စက်တင်ဘာ - ၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ က စတင်ပြီး လက်နက်ကြီး ၊ ဒရုန်းဗုံးသီးတွေနဲ့ တစ်နေကုန် ၊ တစ်ညလုံးတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ မ နက်ပိုင်းမှာလည်းတိုက် ပွဲ ဆက်လက်ဖြစ်ပွားနေခဲ့တာလို့ ဆိုပါတယ်။

“မနေ့က တစ်နေကုန်နဲ့ တစ်ညလုံးပဲ ။ ကျွန်တော်တို့အဖွဲ့တွေ (ကံကြီးကုန်းပျူစခန်း)လက်နက်ကြီးတွေနဲ့ ပစ် တယ်။ ဒရုန်းတွေနဲ့လည်း ဗုံးသီးချတိုက်ခိုက်ခဲ့တယ်။ အဖွဲ့အစုံနဲ့ တိုက်ခိုက်ခဲ့တာပါ။ အသေအပျောက်က တော့ရှိနိုင်ပါတယ်ဗျ။ အတိအကျကတော့ မသိရသေးဘူး။ ဒီကနေ့ မနက်မှာလည်း တိုက်ပွဲကဆက်ဖြစ်နေ တာဆိုတော့” လို့ မြေပြင်တိုက်ပွဲဝင် တော်လှန်ရေး ရဲဘော်က ပြောပါတယ်။

ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ်လ ၂၈ ရက်က စတင်ကာ စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုနဲ့ ပျူစောထီးတွေ အထိနာခဲ့တာကြောင့် လေကြောင်းပစ်ကူခုခံခဲ့ရသလို မုံရွာဘက်ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးခဲ့တာဖြစ်ပါ တယ်။

စစ်အုပ်စုက ကံကြီးကုန်းရွာ ပျူစောထီးစခန်း မကျဖို့အတွက် လေကြောင်းပစ်ကူနဲ့ ရေကြောင်းပစ်ကူရယူပြီး အပြင်းအထန် ခုခံခဲ့တာကြောင့် ဩဂုတ်လ ၃၁ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာ ခဲ့ပြီး နောက် စက်တင်ဘာလ ၂ ရက် မနေ့က အဲဒီပျူစောထီးစခန်းကို ပြန်လည် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ မြေ ပြင်တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

ကံကြီးကုန်းရွာ ပျူစောထီးစခန်း တိုက်ပွဲမှာ စစ်အုပ်စုဘက်က အထိနာအသေများခဲ့သလို တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်အချို့ ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ဆိုပေမဲ့ အသေးစိတ်သတင်းအချက် အလက်တွေကိုတော့ မသိရသေးပါဘူး။

ဒီကနေ့ စက်တင်ဘာလ (၃)ရက် မနက်ပိုင်းမှာလည်း ကံကြီးကုန်းရွာကို စစ်ကူပို့ပြီး ချင်းတွင်းမြစ်ထဲကနေ ပြန်လာတဲ့ စစ်အုပ်စု မော်တော်နှစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သုံးနေရာခွဲပြီး ပူးပေါင်းတိုက် ခိုက်ခဲ့တယ် လို့ Chindwin Dynamite – Salingyi တာဝန်ရှိသူက MFP ကို ပြောပါတယ်။
ကံကြီးကုန်းရွာ ပျူစောထီးစခန်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုကို Chind win Dynamite – Salingyi ၊ Fighter 9 Force – Salingyi ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃၅)၊ တပ်ခွဲ(၃) ၊ တောင် ပံနီ အထူးပြောက်ကျားတပ်ဖွဲ့(Salingyi) ၊ ဒေါင်းတမာန်၊ SRA စတဲ့ အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆို ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ကံကြီးကုန်းရွာ ပျူစောထီးစခန်းမကျဖို့ရာအတွက် ချင်းတွင်းမြစ်ကြောင်းကနေ စစ်ကူ အင်အားနဲ့ ရိက္ခာတွေဖြည့်တင်းနေသလို စခန်းထဲက ဘန်ကာတွေကိုလည်း အခိုင်အမာပြင်ဆင်တည်ဆောက် နေတယ်လို့ ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာ ပျူစောထီးစခန်းဟာ ချောင်းဦးမြို့ အနောက်တောင်ဘက် (၁၀) မိုင်ကျော် အကွာ ချင်းတွင်းမြစ်ကမ်းဘေးမှာတည်ရှိပြီး မြစ်အနောက်ဖက်ကမ်းမှာ ဆားလင်းကြီးမြို့နယ်၊ တောင်ဘက် မှာ မြောင်မြို့နယ်နဲ့ အနောက်တောင်ဘက်မှာ မကွေးတိုင်း ရေစကြို မြို့နယ်တွေနဲ့ ထိစပ်နေ တာဖြစ်ပါတယ်။

ကံကြီးကုန်းရွာ ပျူစောထီးစခန်းက စစ်အုပ်စုနဲ့ ပျူတွေဟာ ချောင်းဦးမြို့နယ်နဲ့ အနီးဝန်းကျင်က ကျေးရွာတွေ ကို ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာတွေ မကြာခဏ လုပ်ဆောင်နေတာကြောင့် တော်လှန်ရေးတပ် ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာ၊ ဝင်ရောက်စီးနင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မုံရွာ-ချောင်းဦး လမ်းပိုင်း၊ မုံရွာ-အမြင့် လမ်းပိုင်း၊ ချင်းတွင်း မြစ်ကြောင်းဖြစ်တဲ့ မုံရွာ ဆိပ်ကမ်းကနေ ဆင်ဖြူရှင်တံတားအထိ ခရီးသွားပြည်သူတွေအနေနဲ့ ယာယီ အသွား အလာမပြုလုပ်ကြသေးဖို့နဲ့ ကားလမ်းအသုံးပြုပါကလည်း ကားမှန်ချ မောင်းနှင်ပေးကြဖို့ တော်လှန်ရေးတပ် ဖွဲ့တွေက အသိပေးထုတ်ပြန်ထားပါတယ်။

#Mandalay_Free_Press_MFP

Комментарии

Информация по комментариям в разработке