ဘိုးတော်ရုပ်၊မယ်တော်ရုပ်များကိုမှီခိုစားသောက်တတ်သော်ပရလောကသားများ……………

Описание к видео ဘိုးတော်ရုပ်၊မယ်တော်ရုပ်များကိုမှီခိုစားသောက်တတ်သော်ပရလောကသားများ……………

အဘဘိုးမင်းခေါင်းရုပ်ထုတိုင်း အဘဘိုးမင်းခေါင်းနာမ်ကိန်းနေမယ်မထင်လိုက်ပါနဲအဲလိုပဲမယ်တော်ရုပ်ထုတွေ ရုက္ခစိုးရုပ်ထုတွေမှာ သက်ဆိုင်ရာအစစ်မှန်နတ်တွေ ဘိုးတော် မယ်တော်တွေ နာမ်ကိန်းပြီးမရှိနေပါ။အဆိုးဆုံးက ဘုရားဆင်းထုတော် များမှာလည်းထူးနည်းတူစွာ မှီခိုနေတတ်တဲ့ ပရလောကသားတွေရှိပါတယ်။အဲဒါကြောင့်ဘုရားဆင်းထုတော်များကိုကိုးကွယ်တဲ့အခါမှာအနေကဇာတင်ပြီးမှာသာလျှင် ကိုးကွယ်သင့်ပါတယ်။ဘုရားပဲ ဘာမှာမဖြစ်ပါဘူးလေဆိုတဲ့စိတ်အစွဲထားစရာမလိုဘူးဆိုပြီး မလုပ်လိုက်လေးနဲတစ်ချို့ကမာန်နတ်အနွယ်ဝင်တွေကခိုကပ်ပြီးစားသောက်နေတာတွေရှိပါတယ်။ရုပ်ရှိရင်နာမ်ရှိရမယ်ဆိုတဲ့စကားကိုကြားဖူးကြမှာပါနာမ်ဆိုတာသက်ဆိုင်ရာနာမ်ဖြစ်ရပါမယ်။အဘဘိုးမင်းခေါင်းရုပ်ထုမှာ အောက်နတ်တွေကပ်နေလို့မရပါဘူးအဘနာမ်မကိန်းတာတောင် ဓါတ်သက်ရတဲ့ဓါတ်သဘောမျိုးဝင်နေပါမယ်။အောက်နတ်၊တန်ခိုးရနေတဲ့ပရလောကသားတွေက စားသောက်ဖို့နေရာရှာတဲ့အခါမှာ အစားသောက်စိုစိုပြေပြေရှိတဲ့ရုပ်ထုမျိုးမှာမှီခိုကပ်ဖို့ရှာဖွေကြပါတယ် အစားသောက်စိုစိုပြေပြေရှိလာတဲ့အခါမှာ သူမှီခိုပြီးနေတဲ့ရုပ်ထုပုံစံဖမ်းပြီး လူတွေကိုကူညီလေ့ရှိပါတယ်။ဥပမာအနေနဲပြောရမယ်ဆိုရင် ရုက္ခစိုးရုပ်ထုမှာ ရုက္ခစိုးနတ်မရှိနေပဲ နှစ်ချို့ပရလောကသားကမှီခိုနေတတ်ပါတယ်။အဲဒီရုက္ခစိုးကိုလာပြီးပူဇော်တဲ့လူတွေကိုလည်း ရုက္ခစိုးပုံစံအနေနဲပဲပြတတ်လေ့ရှိပြီးသူပုံအမှန်ကိုပြလေ့မရှိပါ။အဲဒါကြောင့်ရုပ်ထုတွေကို ဆောင်တဲ့အခါမှာ အိမ်မှာပူဇော်တဲ့အခါမှာသတိထားရပါတယ်။မိမိလိုခြင်းတာက ဘိုးတော်ပါလာတဲ့အကောင်က အောက်နတ်အနွယ်ဝင် အဲဒါကြောင့် သိနားလည်းတဲ့ သူများထံအကူညီကိုယူပြီးမှာ ကိုးကွယ်သင့်ပါတယ်။ရုပ်ထုတွေကိုအသက်သွင်းတဲ့အခါမှာလည်း သက်ဆိုင်ရာအစောင့် လာရောက်ပြီးကူညီနိုင်အောင် အသက်သွင်းပေးနိုင်တဲ့ဆရာမျိုးကိုရှာပါ။ကျွန်တော်ကြုံဖူးတာကိုပြောရမယ်ဆိုရင် နိုင်ငံခြားတွေမှာဆို အရုပ်တွေထဲပရလောကသားတွေကနေနိုင်ကြပြီး မြန်မာပြည်မှာ နတ်ရုပ်တွေ၊ဘိုးတော်ရုပ်၊မယ်တော်ရုပ်တွေမှာ မှီခိုနေကြတာကိုတွေ့ရပါတယ်။တစ်ချို့မှီခိုနေတဲ့ပရလောသား နတ်တွေက သူတို့ပူဇော်တဲ့လူကိုဒုက္ခမပေးပဲကူညီတာလည်းတွေ့ဖူးပါတယ်။ဒါပေမဲ့ တကယ်ထက်မြတ်ပြီး အကြားမြင်ကောင်းတဲ့ဆရာတွေနဲတွေ့တဲ့အခါအဲဒီရုပ်ထုမှာမနေတော့ပဲထွက်ပြေးကြပါတယ်။ရုပ်ထုတွေမှာပဲမှီခိုနေတတ်တာမဟုတ်ပဲ လက်စွပ်၊ကျောက် တွေမှာလည်းအစောင့်တွေအနေနဲမှီခိုနေတာတွေ့ဖူးပါတယ်။ကျွန်တော်တွေ့ဘူးတာပြောရမယ်ဆိုရင် အိန္ဒိယကလာတဲ့ သွေးတိုးပျောက်တယ်ဆိုတဲ့ကြေးလက်ကောလက်စွပ်မှာကပ်ပါလာတာတွေ့ဖူးပါတယ်။ပိုင်ရှင်ကအဲဒီလက်စွပ်လက်ကောက်ဝတ်လိုက်တုန်း ပြသာနာတစ်ခုမဟုတ်တစ်ခုဖြစ်တယ်ပြောပါတယ်။အစောင့်စစ်လိုက်တဲ့အခါမှာ မကောင်းတဲ့အကောင်ဖြစ်နေလို့ မိမိတို့ဂိုဏ်းပညာဖြစ်တဲ့ အစောင့်နှင့်တဲ့ပုံစံမျိုးနဲလုပ်ပေးလိုက်တဲ့အခါမှာနောက်ပိုင်းပြသာနာတတ်တယ်ဆိုတာမကြားရတော့ပါ။
နောက်တစ်ခုကအဆောင်အဖြစ်ဝတ်ထားတဲ့ကျောက်လက်စွပ်တစ်ခုမှာအစောင့်ပါနေတာပါ။
လက်စွပ်ပိုင်ရှင်ကိုပယောဂစစ်ထဲကအဲဒီလက်စွပ်ကိုသိပ်ပြီးမကြိုက် လက်စွပ်ကိုပါအစောင့်စစ်တော့မှာအစောင့်ထွက်လာတယ် အစောင့်က ခုလတ်နတ်မျိုး လက်စွပ်ပိုင်ရှင်ကိုလည်းကူညီမှာလားစစ်တော့ မကူညီ လက်စွပ်ပိုင်ရှင်ကိုမေးကြည့်တော့မှာ လက်စွပ်က သူအတွက်ရည်ရွယ်ပြီးလုပ်ထားတာမဟုတ် ဘုရားထီးတင်တုန်းက ထီးတင်တဲ့လူကြီးက သူ့သားအတွက်လုပ်ထားတဲ့လက်စွပ်တဲ့ မူလပိုင်ရှင်မဟုတ်တဲ့အတွက် မူလပိုင်ရှင်ကိုစောင့်နေတဲ့သဘောမျိုးပဲ။အစောင့်ရှိပြီး အသုံးမဝင်တဲ့လက်စွပ်လိုတောင်ပြောလို့ရတယ်။ပေါ့စေလိုလို့ကြောင်ရုပ်ထိုး၊ဆေးကြောင့်လေးဆိုသလိုဖြစ်နေတယ်။
နောက်ပြီးနတ်ရုပ်ထုတစ်ခုမှာသရဲကကပ်နေပြီးညတိုင်းနတ်ရုပ်ထုကိုးကွယ်တဲ့မိန်းမကိုပူးပြီးနတ်ပူးတယ်ဆိုပြီး ကြက်ကြော်တွေကပ်ခိုင်း အရက်တွေဆပ်ခိုင်းနဲ လုပ်တာတွေလည်းရှိပါတယ်။နောက်ဆုံးတော့ အိမ်သားတွေက မူမမှန်တာသိပြီးဆရာခေါ်ပြီးစစ်တော့မှာသရက်ပင်မှာနေတဲ့နှစ်ချို့သရဲဖြစ်နေတယ်။ဘိုးတော်မယ်တော်နတ်ရုပ်တွေကိုးကွယ်တဲ့အခါမှာလည်းနားလည်းတတ်ကျွမ်းတဲ့ဆရာ၊ဆရာမတွေကိုတိုင်ပင်သင့်တယ်။ဘုရားဆင်းတုတော်ကိုးကွယ်တဲ့အခါမှာလည်း တစ်နှစ်တစ်ခါလောက် အနေကဇာတင်ပြီးကိုးကွယ်သင့်ပါတယ်

Комментарии

Информация по комментариям в разработке