လှမဉ္ဇူ❣️✍ရေး✍ မြို့မငြိမ်း |သိန်းတန်(မြန်မာပြည်) myanmar pyi thein tan songs

Описание к видео လှမဉ္ဇူ❣️✍ရေး✍ မြို့မငြိမ်း |သိန်းတန်(မြန်မာပြည်) myanmar pyi thein tan songs

❣️လှမဉ္ဇူ❣️
✍ရေး✍ မြို့မငြိမ်း

ဆွတ်ချူယူငင်... (ပန်ဆင်လေ)၃ ရည်စူး...
ဆင်မည်သာ... စိတ်ကယ်က ကူး
(ဂန္ဓာမာဒနတောင် ယံစွယ်အငူ ... ပတ္တမြားနန္ဒမူ... လိုဏ်နန်းကြိုင်လန်းလို့ကြူ ညှင်းလေနွဲ့ သို့ ...
ဆင်းရွှေလဲ့လဲ့ သွဲ့သွဲ့ နွဲ့နွဲ့ဟန်မူ)၂...
ပြိုင်သူရှံး နှုန်းဖက်မတူ... မောင့်စိတ်အယူ...
ပန်းတကာ့နတ်မဉ္ဇူ
(ယုဂန်ဗွေစွန်း... ငွေ၀န်းသီတဂူ...
တိမ်ယံကြားက … အလှပြကာပြူ
မူယာ ယဉ်ကျေး... မျက်နှာလေး ပေးကမြင်
မောင့်စိတ်ထဲ သည်းဘ၀င်လှိုက်ဆူ)၂...
ဘုံကြိုးပြတ် မိုးနတ်သူ... မြင်ရသူ ရှုမ၀... လှမဉ္ဇူ..
🎼 ♩♪♫♬ ♩♪♫♬🎼
(စင်ပိုင်ဖို့အရေး တွေးဆပူ.....
ပင်ခိုင် ညွတ်ပေးဖေးမကူ)၂
မိဘမောင် အုပ်ထိန်းခြင်း မကင်းလို့
တံချူလက်လှမ်းမမီပန်းတဲ့သူ...
သိရှာရင် သနားမယ်အထင်နဲ့ မသေနေသေး
ဆွေးရသူ... ခွန်းရွှေနှုတ်တော်ကြူကြူ..
လှမဉ္ဇူ သနားမောင့်ကို ကယ်ယူ..
(ယုဂန် - - - -လှမဉ္ဇူ)
(ကြည်လင်သော မျက်လုံးကလေးက
တစ်ဖက်လူ အသက်ရှူမှားအောင်
ပြုံးတဲ့လို့ မြူ... လှအားတော်မူ...
ချိုသာသော စကားလေးများ အရေးယူပြောပါခဲ့ရင်ဟင်/​သြော်... ကုသိုလ်ထူးတယ်... ဆိုရမဲ့သည်လူ)၂... တောင့်တ စောင့်ရတဲ့သူ... သနားကူညီတော်မူ...
ချစ်မိတဲ့ မောင့်ရွှေရင်ပူ... ချစ်ရေစင် ဖျန်းလို့ရယ်...
ချစ်ပန်းကြူကြူ မွှေးပါလှမဉ္ဇူ

🎸မူရင်းတင်သူများအား ​Credit ​ပေးပါသည်🎸

⟣⃟⸻⚀༻༺⚀⸻⃟⟢
မူရင်းတင်သူများအားလုံး ​ကျေးဇူးတင်လျှက်
𝕬𝕾𝖔𝖒𝖆​

Комментарии

Информация по комментариям в разработке