ဖက်ထုပ်အိုးကပ်လုပ်နည်း | ဖက်ထုပ်ရွက်လုပ်နည်းနဲ့ အချဥ်​ဖျော်နည်း | Pan Fried Dumplings

Описание к видео ဖက်ထုပ်အိုးကပ်လုပ်နည်း | ဖက်ထုပ်ရွက်လုပ်နည်းနဲ့ အချဥ်​ဖျော်နည်း | Pan Fried Dumplings

ဖက်ထုပ်ရွက်လုပ်နည်း၊ အချဉ်ဖျော်နည်းနဲ့ ဖက်ထုပ်အိုးကပ်လုပ်နည်း (၃)မျိုးစလုံး ပြည့်ပြည့်စုံစုံပါအောင်လုပ်ထားတဲ့အတွက် ဗီဒီယိုလေးက နည်းနည်းလေးရှည်သွားပါတယ်။

ဖက်ထုပ်ကြိုက်တဲ့သူတွေအတွက် ဖက်ထုပ်ရွက်မရှိလည်း အိမ်မှာအလွယ်တကူလုပ်စားနိုင်မယ့် ဖက်ထုပ်အိုးကပ်လုပ်နည်းလေး မျှဝေပေးချင်ပါတယ်ရှင်။ ဖက်ထုပ်ရွက်လုပ်နည်း၊ အချဉ်ဖျော်နည်းနဲ့ ဖက်ထုပ်အိုးကပ်လုပ်နည်း ၃ မျိုးစလုံးကို ပြည့်ပြည့်စုံစုံလေး တင်ဆက်ပေးထားပါတယ်ရှင်။

တောင်ကြီးရောက်ရင် မဖြစ်မနေစားသင့်တဲ့ အစားအစာထဲမှာ ဒီဖက်ထုပ်အိုးကပ်က ထိပ်ဆုံးကပါပါတယ်။ ရန်ကုန်မှာဆိုရင်တော့ ဒီလိုဖက်ထုပ်အပျော့ကြော်က ဆိုင်တိုင်းလိုလိုမှာ မရှိဘူး။ ဖက်ထုပ်ကြော်ဆိုရင် အကြွပ်ကြော်ပဲ ရတာများတယ်။ ဒီလိုဖက်ထုပ်အပျော့ကြော်က ရှမ်းဆိုင်တချို့တလေလောက်မှာပဲ ရတယ်။ တောင်ကြီးမှာဆိုရင်တော့ ဖက်ထုပ်အိုးကပ်က ဆိုင်တော်တော်များများမှာရပါတယ်။

ဖက်ထုပ်လေးကလည်းစားလိုက်ရင် အပြင်က ဂျုံသားနူးနူးညံ့ညံ့လေးနဲ့ အထဲက ဝက်သားအရသာလေးရယ် ကုဆိုင်အနံ့မွှေးမွှေးလေးနဲ့ စားလို့တော်တော်ကောင်းပါတယ်။ အိမ်မှာလုပ်စားတာဆိုတော့ အသားများများ၊ အရွက်နည်းနည်းလေးပဲ လုပ်ထားပါတယ်။ ချင်းဖတ်လေးနဲ့ တွဲပြီးစားလိုက်ရင် ချင်းနံ့မွှေးမွှေးလေးနဲ့ အရမ်းစားကောင်းပဲ။ သူက ဖက်ထုပ်ပြုတ်လို့ ပျော့ပျော့ကြီးလည်းမဟုတ် ဖက်ထုပ်အကြွပ်ကြော်လို မာမျာကြီးလဲမဟုတ်ပဲ မပျော့မမာ ကြားအနေအထားလေးနဲ့မို့ ပိုပြီးတော့စားကောင်းပါတယ်။

ကျမကတော့ ဖက်ထုပ်ပုံစံမျိုးစုံထဲမှာမှ အခုလိုမျိုး ဖက်ထုပ်အိုးကပ်ကို အကြိုက်ဆုံးပါပဲ။ ကျမလိုမျိုး အကြိုက်တူတဲ့သူတွေရှိရင်လည်း ဒီလိုလေးလိုက်လုပ်စားကြည့်ပါရှင်။ ဗီဒီယိုလေးကို အဆုံးအထိကြည့်ရှု့အားပေးလို့ အထူးပဲကျေးဇူးတင်ပါတယ်။ အားလုံးပဲ ကျန်းမာ ချမ်းသာပြီး ဘေးရန်ခပ်သိမ်းမှ ကင်းဝေးကြပါစေရှင်။
ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်
Subscribe လေး နှိပ်ပြီး အားပေးခဲ့ပါအုံးနော်
👇👇👇👇👇
   / @phyuhomecooking  
----------------------------------------------------

လွယ်ကူရိုးရှင်း အိမ်ချက်ဟင်းလျာများ

ကြက်မွကြော် အလွယ်လုပ်နည်း
   • ကြက်သားမွကြော် အလွယ်လုပ်နည်း   Crispy...  

ငါးသေတ္တာဗူးနဲ့ မုန့်ဟင်းခါးချက်စားရအောင်
   • မုန့်ဟင်းခါး အိမ်ချက် (ငါးသေတ္တာဗူးလေ...  

ပုသိမ်ဟာလဝါ မာမာလေးထိုးနည်း
   • ပုသိမ် ဟာလဝါ မာမာလေးထိုးနည်း ( Pathei...  

ဆေးဖက်ဝင် ရှောက်ယိုထိုးနည်း
   • ဆေးဖက်ဝင် ရှောက်ယိုထိုးနည်း Homemade ...  

ကတ်ကြေးကိုက် အလွယ်ကြော်နည်း
   • ကတ်ကြေးကိုက်ပုံစံတူ ညှပ်ခေါက်ဆွဲကြော်...  

အရမ်းစားကောင်းတဲ့ ကြက်ဥမွှေကြော်
   • ကြက်ဥမွှေကြော် အိအိထွေးထွေးလေး  Stir-...  

အသီးအရွက်တွေ ကြာရှည်ခံအောင်
   • Frozen Vegetablesတွေ အိမ်မှာ ကိုယ်တို...  

----------------------------------------------------

Music From:
--------------------
Audio Library


----------------------------------------------------

🙏🙏🙏
Phyu Home Cooking Channel လေးကို
လာရောက်လည်ပတ်သူအားလုံး
ဘေးရန်ကင်းကွာပြီး ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ...
🙏🙏🙏

#ဖက်ထုပ်အိုးကပ် #အိုးကပ်ဖက်ထုပ် #ဖက်ထုပ်ကြော် #ဖက်ထုပ်အပျော့ကြော် #တောင်ကြီးဖက်ထုပ် #dumplingsheets #chinesefood
#dumplings #dumpling #dumplingrecipe #frieddumplings #porkdumplings
#myanmarfood #burmesefood #food #cooking #homecooking
#recipe #cuisine #phyuhomecooking #easycooking #cook #homemadefood #curry #recipes #dishes #chef

Комментарии

Информация по комментариям в разработке