အောင်လအန်ဆန်းနဲ့ ဘီဘီစီ သီးသန့် တွေ့ဆုံမေးမြန်းခန်း - BBC News မြန်မာ

Описание к видео အောင်လအန်ဆန်းနဲ့ ဘီဘီစီ သီးသန့် တွေ့ဆုံမေးမြန်းခန်း - BBC News မြန်မာ

"ဒီနှစ်မှာ ခရစ္စမတ်တွေ နယူးရီးယားတွေမှာ မိသားစုနဲ့ကျွန်တော်မနေဘူး။ ဒီပွဲအတွက်လေ့ကျင့်မှုမှာကျွန်တော်ပိုကြိုးစားတယ်။ပိုပြီးတော့ အကောင်းဆုံးပွဲဖြစ်အောင် ကြိုးစားတယ်။ဒီပွဲကနေ ဆက်ပြီးတော့ အနိုင်ရမယ့်ပွဲတွေကျွန်တော်လိုချင်တယ်။ အဲဒါ့ကြောင့်ဒီပွဲအတွက်အရမ်းကြိုးစားနေတယ်"
အောင်လအန်ဆန်း ( MMAကစားသမား)

မြန်မာ့စပါးအုံး လို့ လူသိများတဲ့ ကချင်တိုင်းရင်းသားကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား အောင်လအန်ဆန်း ရဲ့ ၂၀၂၃ ခုနှစ်ရဲ့ ပထမဆုံးယှဥ်ပြိုင်ထိုးသတ်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ နွန်ထဘူရီက IMPACT ARENA မှာ လာမယ့် ဇန်နဝါရီ ၁၄ရက် မနက်ပိုင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီပွဲမှာ အောင်လအန်ဆန်းဟာ ဘရာဇီးနိုင်ငံသား ဂီလ်ဘာတိုဂါဗာအိုနဲ့ ထိုးသတ်ရမှာဖြစ်ပြီး ပြိုင်ပွဲရက်ကပ်တော့မှ ယှဥ်ပြိုင်ဘက်ပြောင်းသွားရတာလည်းဖြစ်ပါတယ်။
ဒီပွဲအတွက် အောင်လအန်ဆန်းတစ်ယောက်ဘယ်လိုတွေပြင်ဆင်နေလဲ၊ ဝိတ်တန်းမတူတဲ့ ပြိုင်ဘက်နဲ့ထိုးသတ်ရမှာမို့ သူ့ဘက်က လေ့ကျင့်ပုံနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာပြောင်းလဲရမှုတွေ၊ အခုပြိုင်ဘက် ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုဘယ်လိုလေ့လာထားလဲ၊ဒီနှစ်မှာ ချန်ပီယံခါးပတ်တွေပြန်ရဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာတွေနဲ့ မြန်မာပရိသတ်တွေနဲ့ မြန်မာ့မြေမှာအောင်ပွဲခံနိုင်ဖို့ သူ့ရဲ့ မျှော်လင့်ချက်ကဘယ်လိုရှိနေလဲ ဆိုတာတွေကို ဘီဘီစီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဘီဘီစီမြန်မာပိုင်း
#ဘီဘီစီမြန်မာပိုင်း #အောင်လအန်ဆန် #ဂါဗာအို #သိုင်းပေါင်းစုံ #MMA #ကိုယ်ခံပညာပေါင်းစုံ #Mixed_Martial_Arts #မြန်မာ #ကချင် #ထိုင်း #ဝမ်းချန်ပီယံရှစ် #ONE_Championship

Комментарии

Информация по комментариям в разработке