ထူးအိမ်သင်ရဲ့ညီများဖြစ်တဲ့ အဆိုတော် ဒီမွန်၊ ဦးမင်းဆုမွန်တို့နဲ့ တွေ့ဆုံမေးမြန်းခြင်း

Описание к видео ထူးအိမ်သင်ရဲ့ညီများဖြစ်တဲ့ အဆိုတော် ဒီမွန်၊ ဦးမင်းဆုမွန်တို့နဲ့ တွေ့ဆုံမေးမြန်းခြင်း

#အင်တာဗျူး
◾️ ထူးအိမ်သင်ရဲ့ညီများဖြစ်တဲ့အဆိုတော် ဒီမွန်၊ ဦးမင်းဆုမွန်တို့နဲ့တွေ့ဆုံမေးမြန်းခြင်း

"သူ့ခေတ်က‌ ပေါ်လစီသီချင်းဆိုရင် အဆိုတော် အယောက် ၁၀၀ မှာ ၉၉ ယောက်က မငြင်းရဲဘူးဗျာ။ သွားဆိုကြတယ်။ သူကငြင်းတာပဲ။ အဲဒီလို ငြင်းလို့ ဘာဖြစ်မလဲ သူဂရုကိုမစိုက်တာ"

ဒီကနေ့ဟာ တေးသီချင်းကောင်းမြောက်များစွာ ဖန်တီးရေးသားခဲ့တဲ့ နိုင်ငံကျော်အဆိုတော် တစ်ယောက်ဖြစ်တဲ့ ထူးအိမ်သင်ကွယ်လွန်ခြင်း (၁၆)နှစ်ပြည့်တဲ့နေ့ပဲဖြစ်ပါတယ်။

လူသေသော်လည်း နာမည်မသေဘဲ အခုချိန်ထိ ဂီတလောက၊ ပရိသတ်တွေကြားမှာအပြင် မိသားစုဝင်တွေရဲ့ ရင်ထဲမှာ သူဟာ ရှင်သန်နေဆဲပဲဖြစ်ပါတယ်။

နိုင်ငံအပေါ်ချစ်တဲ့စိတ်ကိုလည်း သူတတ်ထားတဲ့အနုပညာနဲ့ ပုံဖော်ထားတဲ့ တေးသီချင်းတွေဖြစ်တဲ့ “ရာဇဝင်များရဲ့ သတို့သမီး”၊ “အရေးကြီးပြီ” စတဲ့စည်းလုံးစေချင်တဲ့ သီချင်း၊ လူငယ်တွေကို ခွန်အား‌ဖြစ်စေတဲ့ သီချင်းတွေက သက်သေပဲဖြစ်ပါလိမ့်မယ်။

သူကွယ်လွန်ခဲ့တာ ၁၆ နှစ်တာရှိလာပေမယ့် မိသားစုတွေရင်ထဲမှာတော့ သူဟာအမြဲရှိနေသလို သူ့ရဲ့တေးသီချင်းတွေလည်းအမြဲ လွင့်ပျံ့နေဆဲပါပဲ။

ထူးအိမ်သင်နဲ့ပတ်သက်ပြီး ရင်ထဲမှာသိုဝှက်ထားတဲ့ အကြောင်းအရာတချို့ကို ဖွင့်ပြောပြလာသူ‌တွေကတော့ သူ့ရဲ့ ဂီတအမွေကိုဆက်လက်ခံယူထားတဲ့ ညီဖြစ်သူ တေးရေးတေးဆို ဒီမွန်နဲ့ ညီအငယ်ဆုံးဖြစ်တဲ့ ဦးမင်းဆုမွန်တို့ကို စံတော်ချိန်က တွေ့ဆုံမေးမြန်းထားကို တင်ဆက်ပေးလိုက်ပါတယ်။

#thestandardtimetv​
#စံတော်ချိန်သတင်းဌာန​

Website Link - http://sdtimedaily.com/

Facebook Page -   / standardtimedaily  

Комментарии

Информация по комментариям в разработке