ကျွန်တော်သူ့ကို စကားမပြောတော့ဘူး(နွေသစ်ငြိမ်း)

Описание к видео ကျွန်တော်သူ့ကို စကားမပြောတော့ဘူး(နွေသစ်ငြိမ်း)

#ကျွန်တော်သူ့ကိုစကားမပြောတော့ဘူး

အဲ့ဒီလိုဆုံးဖြတ်ချက်တွေရဲ့ နောက်မှာ
အမှတ်မရှိခြင်းတွေကအရိပ်လို ကပ်လိုက်လာတယ် ...
ကျွန်တော့်စိတ်ကို တင်းထားလို့မရတဲ့အခါတိုင်း
စကားတွေ သွားပြောနေမိတုန်းပဲ ...
အထွေအထူးတော့မဟုတ်ပါဘူး အလွမ်းပြေရုံလေး ...

အခုဆို ကျွန်တော်တို့ကြားမှာ
ခင်မင်မှုကအစ ထွက်ပြေးသွားပြီ ...
ကျွန်တော်ကလည်း အဆင်မပြေတဲ့အချိန်တွေဆို
သက်သာမယ့် နည်းတွေနဲ့
ကိုယ့်စိတ်ကို ကုစားတတ်လာပြီး
သူကလည်း ကျွန်တော့်အတွက်
ဘာသဲလွန်စမှ ချန်ထားလေ့မရှိတော့ဘူး ...

မုန်းသွားတာမျိုးလည်းမဟုတ်ပဲ အေးစက်ကုန်တဲ့
ဆက်ဆံရေးတွေကြားထဲမှာ ကျွန်တော်မပျော်ဘူး ...
ကိုယ့်ကို တကယ်ထားခဲ့တော့မယ့်လူတွေကသာ
"ဘယ်တော့မှ " ဆိုတဲ့ စကားကို
အလွယ်လေးသုံးပြီး ထွက်သွားခဲ့ကြတယ်လို့
ကျွန်တော် သိလာတယ် ...
ကျွန်တော်လူတွေကိုမယုံဘူးလို့ ပြောခဲ့တုန်းက
သူပြုံးခဲ့တဲ့ အပြုံးလေးဟာ
ကမ္ဘာအဆုံးအထိထွက်ပြေးပြမယ်လို့ ဆိုလိုချင်တာထင်တယ် ...

သူကလျို့ဝှက်မှုတွေနဲ့ ပြည့်နေတတ်ပြီး
ကျွန်တော်က ပွင့်လင်းမှုတွေများလွန်းအားကြီးတယ် ...
အခု ကျွန်တော်သူ့ကိုစကားမပြောဘူး ...

အနေအေးတဲ့ သူတွေဟာ
ခံစားမှုတွေရော အေးစက်တတ်သလားလို့
ကျွန်တော် သိချင်ခဲ့ဖူးတယ် ...
မိုးတွေအရမ်းရွာနေတာကို ကြည့်ပြီး
ငါတို့ကသူစိမ်းတွေပဲလေဆိုတဲ့ အတွေးကို
အသံထွက် ရွတ်ဆိုနေမိတယ် ...
ကျွန်တော်ပွေ့ဖက်ထားမိတဲ့
စိတ်ကူးတွေရဲ့အကြောင်းကို အသိမပေးဖြစ်တော့ဘူး ...

ခေါင်းငုံ့ပြီးလျှောက်ခဲ့ရတဲ့ လမ်းတွေမှာ
ခလုတ်တိုက်ရတာ ပိုမနာကျင်ဘူးလား ...

သတိထားနေတဲ့ကြားက
ကျွန်တော်တစ်ယောက်တည်း ဖြစ်သွားပြန်ပြီ ...

ဖုန်းနံပါတ်တွေကိုကြည့်ရင်း ခေါင်းခါနေမိတဲ့နေ့တွေထဲမှာ
သူ့အသံကိုမေ့ထားဖို့က ပိုခက်ပါတယ် ...

လွမ်းတာကိုမှ မျိုချပစ်လိုက်ရတဲ့ရက်တွေပါပဲ ...

ကျွန်တော်သူ့ကို စကားမပြောတော့ဘူး ... ။

#မျက်ရည်ဆိုင်
#နွေသစ်ငြိမ်း
#tigerlily
#poetry
#myanmarpoem
#ကဗျာ
#audiobook

Комментарии

Информация по комментариям в разработке