ဈေးကွက်တွင်ကျယ်လာတဲ့ နေပီယာအဟာရမြက်

Описание к видео ဈေးကွက်တွင်ကျယ်လာတဲ့ နေပီယာအဟာရမြက်

မြန်မာ့မွေးမြူရေးလုပ်ငန်းမှာ နေပီယာမြက်လို့ လူသိများတဲ့ အာဟာရမြက်မျိုးစိတ်တမျိုး ခေတ်စားလာပါတယ်။

နေပီယာ အာဟာရမြက်ကို အသားစားနွားနှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းတွေအတွက် အဓိကထားပြီး စိုက်ပျိုးမွေးမြူရေးသမားများက ပြည်ပကနေ မှာယူတင်သွင်းပြီး စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ့စိုက်ပျိုး မွေးမြူရေးပညာရှင်များက နေပီယာပတ်ချောင်း (၁) အာဟာရမြက်ကို ၂၀၁၁ ခုနှစ်က ထိုင်းနိုင်ငံမှ အမြစ်အဆစ်ဖြတ်ပိုင်း ၁၂၀ ကို ယူဆောင်လာပြီး မှော်ဘီမြို့နယ်ရှိ နွားခြံနှင့် အင်းစိန်မြို့နယ်ရှိ မွေးကုဦးစီးဌာနမြေပေါ်မှာ စတင်စိုက်ပျိုးပြီး မြန်မာ့မွေးမြူရေးသမားများနဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

နေဗီယာပတ်ချောင်း (၁)ဟာ အခြားနေပီယာမျိုးစိတ်ဟောင်းများထက် အထွက်နှုန်းနှင့် အရည်အသွေးပိုကောင်းပြီး အသားဓာတ်ပါဝင်မှုနှုန်းမှာလည်း ၁၈ ရာခိုင်နှုန်းထိ ရှိပါတယ်။ ၁ ဧက အထွက်နှုန်းမှာလည်း မြက်အစို ၁၇၅ တန်အထိ ထွက်ရှိပါတယ်။ တကြိမ်စိုက်ပျိုးထားပါက ၅ နှစ်တိတိ ဆက်တိုက်ထုတ်ယူသုံးစွဲနိုင်ပါတယ်။

Комментарии

Информация по комментариям в разработке