ထန်းသီးမုန့်

Описание к видео ထန်းသီးမုန့်

ဒီချိန်ဆို ထန်းသီးတွေမှည့်ပြီလေ အဒေါ်တို့ခြံထဲက ထန်းသီးမှည့်တွေဆို ကြွေကျနေတာ နည်းတာမဟုတ်ဘူး အဲတော့ အရမ်းစားချင်နေတာနဲ့ သွားကောက်လိုက်တယ် လုပ်ရတာတော့ နဲနဲလက်ဝင်ပေမဲ့ စားလို့ကတော့ ကောင်းသား မြိုင်လုပ်တဲ့ ထန်းသီးမုန့်ကတော့ မြိုင်တို့နယ်ပြန်ရင် “တမာတန်း”ဆိုတဲ့နေရာမှာ ရောင်းတဲ့ ထန်းသီးမုန့်တော့ မမှီဘူး ပြန်တိုင်းလဲ ကားရပ်ပြီဆို တခါထဲဝယ်စားသလို ပါဆယ်ပါထုပ်သေးတာ သူက အုန်းဆံကို ဆီချက်လေးချက်ထားတာဆိုတော့ ကြွပ်ကြွပ်မွှေးမွှေးလေး အရမ်းကောင်းတာ အမလေး ပြောရင်းသူ့ထန်းသီးမုန့်တောင်သတိရသွားပြီ ထန်းသီးမုန့်ကတော့ လုပ်နည်းအမျိုးအမျိုးရှိကြတဲ့အနက် မြိုင်ကတော့ သကြားနဲ့ ထန်းလျက်လေးရောပြီးလုပ်လိုက်တယ်ရှင် မုန့်သားညက်နေအောင်လဲ ကြာကြာနှပ်ထားရသေးတာ မနက်စာအတွက်လုပ်မယ်ဆို ညကတည်းကနယ် နှပ်ထား မနက်၄နာရီလောက်ထလုပ် မုန့်သားကမွပြီး စားကောင်းနေရော မြိုင်ကတော့၈နာရီလောက်နှပ်ပေးတယ် ထန်းသီးအနှစ်နဲနဲထည့်ရင်တောင်ရတယ် မြိုင်ကလောဘကြီးတယ်လေ ပြီးတော့ ကောက်လာတဲ့အလုံးတွေလဲအလာဟသမဖြစ်အောင်များများထည့်လိုက်တယ် ဒါမဲ့ စားတော့ကောင်းသား

Комментарии

Информация по комментариям в разработке