Khit Thit သတင်းဌာန၏ ဇွန်၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Описание к видео Khit Thit သတင်းဌာန၏ ဇွန်၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဇွန်၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီ က ပြည်သူလူထုတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက် ရာဇဝတ်မှုတွေ ၊ စစ်ရာဇဝတ်မှုတွေ ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို တရားဥပဒေ နဲ့ အညီ အရေးယူ အပြစ်ပေးနိုင်ဖို့ နဲ့ ကြားကာလ တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်နိုင်ဖို့ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ- ဒူဝါလရှီးလ က ဒီကနေ့ ဇွန်လ ၇ ရက်နေ့မှာ လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။
ကရင်ပြည်နယ်၊ သံတော်မြို့နယ် ၁၃ မိုင် မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီစခန်းက စစ်အရာရှိ တစ်ဦးကို ဒီကနေ့ မနက်ပိုင်းမှာ People Defense Force Thandaung က စနိုက်ပါနဲ့ ပစ်ခတ်ရာမှာ သေဆုံးသွားတယ်လို့ PDF သံတောင်က သတင်းထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဘုရားလေး-လမ်းခွဲအနီးမှာ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ဒီကနေ့ ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်ရာမှာ စစ်ကား ၁ စီး ပျက်စီးပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးတဲ့အပြင် ၊ ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း - ၃၊ သထုံခရိုင် က သတင်းထုတ်ပြန်ထားပါတယ်။
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့မှာ ဒီကနေ့ ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး၊ ပြည်သူ ၁ ဦးသေဆုံးတဲ့အပြင် အနည်းဆုံး ၂ ဦး ဒဏ်ရာရတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии

Информация по комментариям в разработке