ပုလဲမြို့သိမ်း စစ်ဆင်ရေး ရုပ်သံမှတ်တမ်း ထုတ်ပြန်၊

Описание к видео ပုလဲမြို့သိမ်း စစ်ဆင်ရေး ရုပ်သံမှတ်တမ်း ထုတ်ပြန်၊

ဒေါ်လာ/MFP ၊ နိုဝင်ဘာ - ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ကို နိုဝင်ဘာလ ၁၁ရက် ကနေ ၁၄ရက်အထိ လေးရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စု ၂၅ ဦး ဖမ်းမိကာ လက်နက် ၂၁ လက် သိမ်းဆည်း ရရှိပါတယ်။
တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပုလဲမြို့သိမ်း စစ်ဆင်ရေးကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA၊ ညီနောင် မဟာမိတ်တွေ ဖြစ်တဲ့ Generation Z Army (GZA) နဲ့ ရေစကြိုနယ်က ဗိုလ်အောင်မောင်းရဲ့ Southern Yesagyo (SYSO) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။

စစ်အုပ်စုက လေကြောင်းသုံး စစ်ကူပို့လို့ နိုဝင်ဘာလ ၁၄ရက်မှာ တော်လှန်ရေး တပ်တွေ ဆုတ်ခွာခဲ့ရပါတယ်။

ပုလဲမြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်စစ်ဆင်ရေး (CB Operation) နဲ့ ချိတ်ဆက် ဖော်ဆောင်ခဲ့တာလို့ BNRA က ဆိုပါတယ်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းပြည်က ဖလမ်းနဲ့ မင်းတပ်မြို့တွေကိုလည်း တိုက်ခိုက်နေပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

Комментарии

Информация по комментариям в разработке