နာမည်ကြီးဘဏ်တွေအပါအဝင် ဘဏ် ၇ ခုကို အရေးယူမယ်လို့စစ်ကောင်စီကြေညာ | People's Spring

Описание к видео နာမည်ကြီးဘဏ်တွေအပါအဝင် ဘဏ် ၇ ခုကို အရေးယူမယ်လို့စစ်ကောင်စီကြေညာ | People's Spring

ပြည်တွင်းက နာမည်ကြီးဘဏ်ကြီးတွေအပါအဝင် ဘဏ် ၇ ခုကို ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ ညွှန်ကြားချက်ကို ဖောက်ဖျက်တာကြောင့်အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

အိမ်ရာချေးငွေ ထုတ်ချေးရာမှာ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ကို ဖောက်ဖျက်ပြီး အကျိုးအမြတ်ပိုရဖို့ ချေးငွေ အများအပြား ထုတ်ချေးနေတာကြောင့် အရေးယူတာလို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီကအရေးယူမယ်လို့ကြေညာထားခံရတဲ့ဘဏ်တွေ ထဲ မှာ ရိုးမဘဏ် ၊ ဧရာဝတီဘဏ် ၊ UAB ဘဏ် တို့လို့ ဘဏ်ကြီး ၃ ခုပါဝင်နေတာတွေ့ရပါတယ်။

ဒါအပြင် မြန်မာနိုင်ံငံသားများဘဏ် ၊ အသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် ၊ မြန်မာမက်ထရိုဘဏ် ၊ ဆောက်လုပ်ရေး၊အိမ်ရာနဲ့ အခြေခံအဆောက်အဦးဖွံ့ဖြိုးရေး ဘဏ်တို့ကိုလည်းအရေးယူမယ်လို့ စစ်ကောင်စီရဲ့ကြေညာချက်မှာပါရှိတာပါ။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ ချေးငွေသက်တမ်း ၃ နှစ်ထက်ပိုတဲ့ အိမ်ရာ ချေးငွေ ထုတ်ချေးတာကို ဘဏ် ရဲ့ စုစုပေါင်း ချေးငွေ ရဲ့ ၅ ရာခိုင်နှုန်းအထိသာခွင့်ပြုထားတာပါ။

ဒါပေမယ့် ရိုးမဘဏ် ၊ ဧရာဝတီဘဏ် နဲ့ UAB ဘဏ် တို့အပါအဝင် ဘဏ် ၇ ခုဟာ ဗဟိုဘဏ်က သတ်မှတ်ချက်ထက် ကျော်လွန်ပြီးအိမ်ရာချေးငွေ ထုတ်ချေးထားတာစစ်ဆေးတွေ့ရှိရတယ်လို့ စစ်ကောင်စီကဆိုပါတယ်။

ဒါကြောင့် အဲဒီဘဏ် ၇ ခု တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူမယ်လို့လည်း စစ်ကောင်စီက ကြေညာပါတယ်။

ဘဏ် ၇ ခု ကို အရေးယူရာမှာ စီမံခန့်ခွဲရေးနည်းလမ်းနဲ့အရေးယူမှာဖြစ်ပြီး ဒဏ်ကြေး ဆောင်စေမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါအပြင် ကြပ်မတ်ဖို့ ပျက်ကွက်ခဲ့တဲ့ ဗဟိုဘဏ်က တာဝန်ရှိသူတွေကိုလည်း ဖော်ထုတ်အရေးယူမယ်လို့ စစ်ကောင်စီရဲ့ကြေညာချက်မှာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ စီးပွားရေးကျဆင်းမှုနဲ့အတူ ကျပ်ငွေတန်းဖိုးထိုးကျတာ ၊ ကုန်ဈေးနှုန်းမြင့်တက်လာချိန်တွေမှာ ရွှေ၊ငွေ ၊ စားသုံးဆီ၊ ဆန် စပါးလုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးတာတွေစစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။

အခုတစ်ခေါက်ကတော့ ဘဏ်လုပ်ငန်းတွေကိုပါ စိစစ်လာတာဖြစ်ပြီးအရေးယူမှုတွေလုပ်မယ်လို့ ကြေညာလာတာပါ။

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
  / ludunwayoo  
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 – https://t.me/communityfactchecking

Комментарии

Информация по комментариям в разработке