ရန်ကုန်ထမင်းပေါင်း (၃ပွဲစာ)

Описание к видео ရန်ကုန်ထမင်းပေါင်း (၃ပွဲစာ)

ရန်ကုန်ထမင်းပေါင်း (၃ပွဲစာ)

အခု Covid ကာလမှာ Vitamin အစုံရရှိဖို့အရေးကြီးပါတယ်။ ဆေးတွေသောက်တာထက် ပိုအစွမ်းထက်တာကတော့ နေ့တိုင်းစားနေတဲ့ အစားအစာမှာ Vitamin ပါတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားဖို့အရေးကြီးပါတယ်နော်။ အဲ့တာကြောင့်မို့လဲ အခုကာလမှာ ကျန်းမာရေးနဲ့လဲ ညီညွတ်တယ်။ Vitamin တွေလဲ အများကြီးပါတယ်။ လူကြိုက်လဲ များလှတဲ့ "ရန်ကုန်ထမင်းပေါင်း" ကောင်းကောင်းလေးတပွဲကို လုပ်ပြထားပါတယ်နော်။ ရန်ကုန်ထမင်းပေါင်းမှာပါတဲ့ အသီးအနှံ့လေးတွေကို အိုးကင်းအနံ့လေးရအောင်မွှေးကြိုင်နေအောင် ဘယ်လိုကြော်လဲဆိုတာကတော့ ဒီ"ရန်ကုန်ထမင်းပေါင်း" ရဲ့အသက်ပါပဲ။ မွှေးကြိုင်ပြီးအလွန်စားကောင်းတဲ့ ရန်ကုန်ထမင်းပေါင်းကောင်းကောင်းကို ဘယ်လိုလုပ်မလဲဆိုတာ Video လေးကြည့်လိုက်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ကြက်သား အသားချည်း - ၁၅ ကျပ်သား
၂။ ပုဇွန် - ၁၀ ကောင်
၃။ ငါးဖယ်လုံး - ၆ လုံး
၄။ ငုံးဥ - ၆ လုံး
၅။ ပဲပြား - ၂ တုံး
၆။ ကြက်ဥ - ၃ လုံး
၇။ ပန်းစိမ်း - လက်တဆုပ်စာ
၈။ ပန်းမုန်လာ - လက်တဆုပ်စာ
၉။ မုန်လာဥနီ - ၁ဥ
၁၀။ ရွှေပဲသီး - လက်တဆုပ်စာ
၁၁။ ကောက်ရိုးမှို - ၆ ခု
၁၂။ ပြောင်းဖူးအသေး - ၆ ခု
၁၃။ ခရမ်းချဥ်သီး - ၁ ခြမ်း
၁၄။ ဂေါ်ဖီထုပ် - လက်တဆုပ်စာ
၁၅။ ကိုက်လန် - ၃ ခု
၁၆။ မုန်ညှင်းဖြူ - လက်တဆုပ်စာ
၁၇။ ABC ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၅ ဇွန်း
၁၈။ ABC ပဲငံပြာရည်အပျစ် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၉။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၂၀။ ဆား - လက်ဖက်ရည်ဇွန်း တဝက်
၂၁။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
၂၂။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း မောက်မောက်
၂၃။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၂၄။ ကြက်သွန်ဖြူ - ၂မွှာ
၂၅။ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တဝက်
၂၆။ ကော်မှုန့် (သို့) ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
၂၇။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)

Комментарии

Информация по комментариям в разработке