မောမြေ မောနှမ မောအလှ ကိုကိုမောင် ပုလဲ (စာသား စာတမ်းထိုး)

Описание к видео မောမြေ မောနှမ မောအလှ ကိုကိုမောင် ပုလဲ (စာသား စာတမ်းထိုး)

မောမြေ မောနှမ မောအလှ
တေးပြုစာဆို ကိုလေးလွင်
တေးသံရှင် ကိုကိုမောင် ပုလဲ
   • မောမြေ မောနှမ မောအလှ ကိုကိုမောင် ပုလဲ...  
Myanmar Music (စာတမ်းထိုး Closed Captions) Collection

ပန်းချီဓါတ်ပုံ Title Image: Credit to Ko Sein Mya
Lyric Typing: Credit to Mr. Thomas John

အကွေ့အကောက်အလွန်များတဲ့ ထင်းရူးတောင်မှာ
ငွေလွှာနှင်းနှင်းတို့ ပိတ်လို့ခြယ်ကာ
ချစ်စရာ့ချစ်စရာ့ ကောင်းတဲ့မောရှမ်းနယ်မှာ
အလွန်ပင်သာယာရှုမောစရာ

မှိုင်းညို့ရီမှောင်သမ်းတဲ့ရှမ်းရိုးမဗွေဝနာ
ချယ်ရီကလေးတွေပွင့်တာ သိပ်ချစ်စရာပါ
အင်းလေးသူကလေးတွေ မနောမှာတစ်မျိုးလေးလှတာ
ဖြူစင်သန့်ရှင်းစွာ

တောအလှတောင်ပြာတန်းက လွမ်းစရာ့အခြေပါ
ရေကြည်ချောင်းရေဖွေးဖွေး အေးဆေးတည်ငြိမ်စွာ
မောမြေမောနှမမောအလှ ပြောပြသည့်ပမာ
ပျူငှာစွာအမြဲသာ
စခန်းခြေအလွမ်းပြေ စမ်းရေသောက်ရသည့်အခါ
ရင်မှာငြိမ့်အေးလာ

မှိုင်းညို့ရီမှောင်သမ်းတဲ့ရှမ်းရိုးမဗွေဝနာ
ချယ်ရီကလေးတွေပွင့်တာ သိပ်ချစ်စရာပါ
အင်းလေးသူကလေးတွေ မနောမှာတစ်မျိုးလေးလှတာ
ဖြူစင်သန့်ရှင်းစွာ ….. ။

Комментарии

Информация по комментариям в разработке