"ကျော်ဟိန်းက ကျွန်တော်တို့ လူကြမ်းသုံးယောက် မအားလို့ စောင့်ပြီး ရိုက်တာတွေ ရှိခဲ့ဖူးတယ်"- ဦးမြမောင်

Описание к видео "ကျော်ဟိန်းက ကျွန်တော်တို့ လူကြမ်းသုံးယောက် မအားလို့ စောင့်ပြီး ရိုက်တာတွေ ရှိခဲ့ဖူးတယ်"- ဦးမြမောင်

"မြမောင်၊ နေဝင်းနဲ့ စိန်သန်း လူကြမ်းသုံးယောက် မအားလို့ ဦးကျော်(ကျော်ဟိန်း)က ဖိုက်တင်ခန်းကို မရိုက်ဘဲ အဲ့ဒီသုံးယောက် အားတဲ့နေ့ကို စောင့်ပြီးမှ ရိုက်လို့ ပြောစမှတ် ဖြစ်ခဲ့ဖူးတယ်" - ဦးမြမောင်(လူကြမ်းသရုပ်ဆောင်)
----------------
“မြမောင်၊ နေဝင်း၊ စိန်သန်း သုံးယောက်ကို ဦးကျော်(ကျော်ဟိန်း)က အမြဲတမ်း လက်တွဲခဲ့တယ်။ အဲ့ဒီ သုံးယောက်မှ မအားဘူးဆိုရင် ရှုတင်ကို သူ မရိုက်တော့ဘူး။ ဒီသုံးယောက်ကို သူ စောင့်နေတယ်။ သူများတွေကတောင် ပြောစမှတ်တွင်တယ်။ မင်းတို့က သိပ်ပြီး နာမည်ကြီးတာပဲကွ…မင်းတို့မရလို့ ဦးကျော်က ဒီနေ့ ဖိုက်တင်ခန်း မရိုက်ဘူး…နောက်နေ့မှ ရိုက်မယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း စားဝတ်နေရေး ရှာရတဲ့အတွက် တစ်ဖက်တစ်လမ်းက ကျွန်တော်တို့ကို ခေါ်လာတဲ့အတွက် ကျွန်တော်တို့လည်း လိုက်သွားရတာ…နောက်နေ့ကျတော့ ကျွန်တော်တို့ အားပါပြီ…ရိုက်ပါ၊ ရိုက်ဖြစ်အောင် ရိုက်ပါ…ဒါမှ ကျွန်တော်တို့ ပိုက်ဆံရမှာလို့ ပြောခဲ့ရတာတွေတောင် ရှိတယ်။ အဲ့ဒီလို ရိုက်ရင်းရိုက်ရင်းနဲ့ ဦးကျော်နဲ့လက်တွဲလိုက်တာ ညီအစ်ကို၊ ဆရာလိုပဲ။ အရင်တုန်းက ဦးကျော်က ဖိုက်တင်ကားတွေ အရမ်းရိုက်တာ၊ နောက်ပိုင်း ဦးကျော်က အသက်အရွယ်အရ ဇာတ်နုလေးတွေ ရိုက်လာတော့မှပဲ တစ်ယောက်နဲ့ တစ်ယောက်က အထိအတွေ့တွေ နည်းသွားကြတာ” - ဦးမြမောင်(လူကြမ်းသရုပ်ဆောင်)
#MercuryVariety #MV #MercuryExclusiveInterview #ExclusiveInterview #MercuryCelebrityInterview #CelebrityInterview #KyawHein #ကျော်ဟိန်း #Celebrity #မြမောင် #နေဝင်း #စိန်သန်း #MyaMaung #Villain #Actor #Celebrities #လူကြမ်းသရုပ်ဆောင် #Yangon #Myanmar

Комментарии

Информация по комментариям в разработке