‧₊˚ ⋅ 𓐐𓎩 ‧₊˚ ⋅ 𝑮𝒓𝒐𝒄𝒆𝒓𝒚 𝑺𝒉𝒐𝒑𝒑𝒊𝒏𝒈 𝑫𝒂𝒚 🛒🧾

Описание к видео ‧₊˚ ⋅ 𓐐𓎩 ‧₊˚ ⋅ 𝑮𝒓𝒐𝒄𝒆𝒓𝒚 𝑺𝒉𝒐𝒑𝒑𝒊𝒏𝒈 𝑫𝒂𝒚 🛒🧾

‧₊˚ ⋅ 𓐐𓎩 ‧₊˚ ⋅ 𝑮𝒓𝒐𝒄𝒆𝒓𝒚 𝑺𝒉𝒐𝒑𝒑𝒊𝒏𝒈 𝑫𝒂𝒚 🛒🧾

Schmalkaldenမှာ supermarket က ၆ဆိုင်, ၇ဆိုင်လောက်ရှိပါတယ်။ ရောင်းတဲ့ ပစ္စည်းတွေကအများအားဖြင့်တူလေ့ရှိပါတယ်။ ဒါမယ့် တချို့ဆိုင်တွေမှာပိုစုံပါတယ် စျေးတွေကလည်းသက်သာတဲ့ဆိုင်တွေရှိသလို Product Quality ပိုကောင်းပြီးစျေးပိုကြီးတဲ့ဆိုင်တွေလည်းရှိပါတယ်။

ပုံမှန်သွားဖြစ်နေကြဆိုင်တွေက ကျောင်းနဲ့လည်းနီးအိမ်နဲ့လည်းနီးတဲ့ Lidl ပေါ့နော်။
စျေးကလည်းသက်သာပြီး ပစ္စည်းလည်းစုံပါတယ်။ ဒီဗီဒီယိုထဲမှာသွားတဲ့ဆိုင်ကတော့ Kaufland ပါ။
သူက Lidl ထက်ပစ္စည်းတွေပိုစုံပြီး ဆိုင်ကလည်းပိုကြီးပါတယ်။

ဒီဆိုင်ကိုတော့ အမြဲတမ်းလိုလိုမသွားဖြစ်ပါဘူး။ နှစ်ပတ်တစ်ခါလောက်ပဲ 😂

တစ်ယောက်တည်းအတွက်ပဲချက်စားတာဆိုတော့ ထွေထွေထူးထူးဝယ်မစားဖြစ်ပါဘူး။စိတ်ကူးတည့်ရာပဲချက်ပါတယ်… 😁

ထမင်းလည်းသိပ်မကြိုက်တတ်တော့ ခေါက်ဆွဲကိုပဲအမျိုးမျိုးချက်စားဖြစ်ပါတယ်။ ဂျာမနီမှာက အသားတွေထက်အရွက်ကပိုစျေးကြီးတော့ အသားပိုစားဖြစ်တယ်… 🤣

ဒီတစ်ခေါက် Kaufland သွားတာ အိမ်ကိုပြန်ပို့ချင်တာလေးလည်းရှိတော့ ချောကလက်တွေ၊ ကြောင်စာလေးတွေပါဝယ်ဖြစ်တော့ စုစုပေါင်းကျတာ euro 30.85 ဝန်းကျင်ကြပါတယ်။

ပုံမှန်အားဖြင့်တစ်ပတ်စာဝယ်ရင် အသားပါရင် euro 15/16 ဝန်းကျင်ကျသင့်ပါတယ်။ အသုံးစရိတ်ကတော့ တစ်ယောက်နဲ့တစ်ယောက်တော့သိပ်မတူညီကြပါဘူး။

See you in the next Video!
“𝑨𝙣𝒐𝙩𝒉𝙚𝒓 𝑫𝙖𝒚, 𝘼𝒏𝙤𝒕𝙝𝒆𝙧 𝙎𝒕𝙚𝒑”


#socialbyThel #Germany #study #groceryshopping #groceryday

Комментарии

Информация по комментариям в разработке