မြန်မာ့သိုင်း (ဗန်တို) အခြေခံ ၆၃ လေ့ကျင့်ရေး သီချင်း

Описание к видео မြန်မာ့သိုင်း (ဗန်တို) အခြေခံ ၆၃ လေ့ကျင့်ရေး သီချင်း

(၆၃) မောင်းအား လေ့ကျင့်ရေးဆိုတာ
+++++++++++++++++++
ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အသုံးချတတ်စေဖို့၊ သိရှိနားလည်စေဖို့၊ အားသွင်း အားထုတ်မှန်ကန်စေဖို့၊ ခန္ဓာကိုယ်ကြံ့ခိုင်ပြီး သက်လုံကောင်းစေဖို့အတွက် ရည်ရွယ်ပြီး လေ့ကျင့်ရတဲ့ အခြေခံ လေ့ကျင့်ခနး်တွေဖြစ်ပါတယ်။

မြန်မာ့သိုင်းမှာတော့ လက်သိုင်းခေါ်တဲ့ ဗန်တိုပညာကို စတင်လေ့ကျင့်တော့မယ်ဆိုရင် ဒီ (၆၃) မောင်းအား ကျင့်စဉ်ကို ပထမဦးစွာ ဟန်၊ မာန်၊ ဌာန်၊ အသံ ပြည့်ပြည့်ဝဝနဲ့ အားမာန်အပြည့် လေ့ကျင့်ရပါတယ်။

"ယို့ကာ၊ ညွှတ်ကာ ကိုယ်ခန္ဓာ
ကိုးဖြာ တိုက်ချက်မောင်း၊
ညှို့သကျည်း၊ ပေါင်တန် မောင်းလေးတန်နှင့်
လက်ဖျန်လက်မောင်း မောင်းလေးမောင်းကို
ကျော်မောင်းနှင့်ပေါင်း မောင်းကိုးမောင်းတည့်"
ဆိုပြီး ငယ်ငယ်က အလွတ်ကျက်မှတ်ခဲ့ရပါတယ်။

အစကောင်းမှ အနှောင်းသေချာ မှာမို့ အခြေခံလေ့ကျင့်ရေးတွေမှာ ရပ်တည်ဟန်ချက်၊ လှုပ်ရှားဟန်ချက် အားထိန်း အားသွင်း အားထုတ် မှန်စေဖို့ စနစ်တကျလေ့ကျင့်သားပြည့်ဝဖို့လိုအပ်ပါတယ်။

မြန်မာ့ရိုးရာဘိုးဘွားအမွေအနှစ်များကို အစဉ်လေးစားတန်ဖိုးထားသောအားဖြင့်....

Myo Min Thant.

Комментарии

Информация по комментариям в разработке