မူရင်းရော ၊ ဘာသာပြန်ရော ကြည့်ရှုသူပေါင်း "သန်း" ကျော်သွားတဲ့ - အောင်မြင်ရေး လျို့ဝှက်ချက် - ၈ ချက်

Описание к видео မူရင်းရော ၊ ဘာသာပြန်ရော ကြည့်ရှုသူပေါင်း "သန်း" ကျော်သွားတဲ့ - အောင်မြင်ရေး လျို့ဝှက်ချက် - ၈ ချက်

8 Secrets of Success

မင်္ဂလာပါ … 🙂

အခု ကျွန်တော် တင်ပေးလိုက်တဲ့ ဗီဒီယိုလေးကတော့
TED ဆိုတဲ့ နိုင်ငံတကာ ဟောပြောပွဲကြီးမှာ တင်ဆက်ခဲ့တဲ့
Richard St.John ရဲ့ " 8 Secrets of Success " ဆိုတဲ့
၃ မိနစ်စာ ဟောပြောပွဲလေးကို
ကျွန်တော် ပြန်လည် ရှင်းပြ ဖြည့်စွက်ပေးထားတာလေးပါ ။

ဒီ " အောင်မြင်ရေး လျို့ဝှက်ချက် ၈ ချက် " ရလာဖို့
ဆရာ Richard St.John ဟာ
လူပေါင်း ၅၀၀ ကျော် ကို
၇ နှစ် အချိန်ယူ အင်တာဗျူးလုပ်ပြီးမှ
အနှစ်ချုပ် ထုတ်ထားလိုက်တာပါ ။

တိုးတက်ချင်စိတ် ရှိတဲ့ လူငယ်တွေအတွက်
အတော်လေးကို တန်ဖိုးရှိတဲ့ အချက်အလက် /
အယူအဆ ကောင်းတွေပါ ။
🙂

ကျွန်တော့် သင်တန်းမှာ သင်ရင်တော့
ဒီ သင်ကြား ဆွေးနွေးမှုကို
အနည်းဆုံး ၄၅ မိနစ်ကနေ ၁ နာရီလောက် အထိ
ကျွန်တော် အချိန်ယူလေ့ရှိပါတယ် ။

အခုကတော့ " မြဝတီ - Variety ( Channel ) " ကနေ ထုတ်လွှင့်ဖို့
စီစဉ်ထားတဲ့ ဗီဒီယိုဖြစ်တာကြောင့်
၂၅/၃၀ မိနစ် အတွင်း ဝင်အောင်
ချုံ့ပြီး သင်ပြ ဆွေးနွေးပေးထားရတာ ဖြစ်ပါတယ် ။

English ဘာသာစကား
အခြေခံ ကောင်းသူတွေအတွက်တော့
ဒီဟောပြောမှုမျိုးဟာ သိပ် ထူးခြားလှတယ်လို့
ပြောလို့ မရပေမယ့် ...
လောလောဆယ်မှာ ဘာသာစကား အရံအတားကို
ကျော်လွှားနိုင်စွမ်းမရှိသေးတဲ့ လူတွေအတွက်တော့
ဒီ ဟောပြောမှုလေးကနေ
အများကြီး ရသွားနိုင်လိမ့်မယ်လို့
ကျွန်တော် ယုံကြည်ပါတယ် ။
သေချာလေး နားထောင်ကြည့်ပါ ။

ဖုန်းဘေလ် အကုန်ခံ ၊
အချိန်ကုန် ခံပြီး နားထောင်လိုက်ရတာ
ထိုက်တန်ဖို့ များပါတယ် ။

အထူး သဖြင့် လူငယ်တွေ အတွက်နဲ့
ကိုယ့် ကိုယ်ကို သိပ်မအောင်မြင်သေးလို့
အားမရ ဖြစ်နေတဲ့ လူလတ်ပိုင်းတွေအတွက်တော့
သေချာပေါက် အကျိုးရှိမှာပါ ။

ဒီ ဗီဒီယိုလေးကို ကြည့်ပြီး ရရှိလာတဲ့ ခံစားချက် ၊
အတွေးအမြင် တစ်ခုခုကိုလည်း မှာ ရေးပေးခဲ့နိုင်ပါတယ်ဗျ ။

ဒါမှ ကျွန်တော်လည်း
ပီတိ တစ်ခု သိသိသာသာ ပို ခံစားရတာပေါ့ ။
🙂

အားလုံးပဲ ကျွန်တော်ပေးလိုက်တဲ့ လက်ဆောင်လေးကနေ
တန်ဖိုးရှိတာ တစ်စုံ တစ်ခု ရသွားနိုင်ပါစေ ခင်ဗျာ ။
🙂

စေတနာဖြင့်
#ကိုဇင်ဇေ

Комментарии

Информация по комментариям в разработке