ချားလ်စ်ဘုရင်ရဲ့ လူသားအကျိုးပြု မျက်နှာစာအကြောင်း ဒေါက်တာဆာဆာ ပြောပြချက် - BBC News မြန်မာ

Описание к видео ချားလ်စ်ဘုရင်ရဲ့ လူသားအကျိုးပြု မျက်နှာစာအကြောင်း ဒေါက်တာဆာဆာ ပြောပြချက် - BBC News မြန်မာ

တတိယမြောက် ချားလ်စ် ဘုရင်ရဲ့ နန်းတက် ဘိသိတ်ခံပွဲကို လန်ဒန်မြို့ ဝက်စ်မင်စတာ ကျောင်းတော်ကြီးမှာ မနက်ဖြန် စနေနေ့၊ မေလ ၆ ရက်နေ့ဆိုရင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဝေလမင်းသား အိမ်ရှေ့စံဘဝ ဒိုင်ယာနာမင်းသမီးနဲ့ အိမ်ထောင်ရေး အကြောင်းလိုမျိုး ပုဂ္ဂလိ ဘဝ မျက်နှာစာအပေါ်မှာသာ မြန်မာ အများစု အာရုံစိုက်မိတတ်ကြပြီး၊ ချားလ်စ်ဘုရင်ဟာ ပရဟိတ အရေး လူအများအရေး ဘဝကို မြုပ်နှံ လုပ်ဆောင်သူ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူ ဆိုတဲ့ မျက်နှာစာပိုင်းကိုတော့ ရင်းနှီးကျွမ်းဝင် သတိပြုမိသူနည်းပါးတယ်။

ချားစ်ဘုရင် အိမ်ရှေ့စံ ဘဝ ကတည်းက ဆယ်စုနှစ် ၂ ခု ကျော် ရင်းနှီးကျွမ်းဝင် နီးစပ်ခဲ့ပြီး၊ ချင်းတောင်တန်းပေါ်က ပရဟိတ လုပ်ငန်းတွေ၊ လူသားအကျိုးပြု လုပ်ငန်းတွေကို ကိုယ်တိုင် စိတ်ဝင်တစားနဲ့ ဘက်ပေါင်းစုံကနေ ကူညီခဲ့ကြောင်း အပြောပြနိုင်ဆုံးသူကတော့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စု ဝန်ကြီး အဖြစ် လက်ရှိ တာဝန်ယူထားတဲ့ ဒေါက်တာဆာဆာ ဖြစ်ပါတယ်။

ဒေါက်တာ ဆာဆာ ပြောပြတဲ့ ချားလ်စ်ဘုရင်ရဲ့ လူသားဆန်မှု လူ့အကျိုး ထမ်းဆောင်မှု မျက်နှာစာပိုင်းကို နန်းတက်ပွဲ အကြို အထူး အစီအစဥ် အဖြစ် ဘီဘီစီက တင်ဆက် ပေးမှာ ဖြစ်ပါတယ်။ ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #coronation #ချားလ်စ်ဘုရင်

Комментарии

Информация по комментариям в разработке