ရောင်စုံမြင်ကွင်းတွေကြား အတူတကွ ယှဉ်တွဲနေထိုင်ကြသူတွေ- SPM News

Описание к видео ရောင်စုံမြင်ကွင်းတွေကြား အတူတကွ ယှဉ်တွဲနေထိုင်ကြသူတွေ- SPM News

ဒီမြင်ကွင်းဟာ ဘာသာမတူ လူမျိုးမတူသူတွေကြား အတူတကွ ယှဉ်တွဲနေထိုင်နိုင်တယ်ဆိုတာကို ပြသနေတဲ့မြင်ကွင်း ဖြစ်ပါတယ်။ ဒီလိုမြင်ကွင်းကို ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်အများစုမှာ မြင်တွေ့နိုင်ပါတယ်။

ကွတ်ခိုင်၊ နမ့်ဆန်နဲ့ နမ္မတူမြို့နယ်မှာ နေထိုင်ကြတဲ့ တအာင်း၊ ရှမ်း၊ ကချင်လူမျိုးတွေကလည်း အတူတကွ ယှဉ်တွဲနေထိုင်ကြတာဟာ ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်ကို ဖြစ်စေတယ်လို့ ပြောဆိုကြပါတယ်။

ဒေသခံလူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပြင် အလွှာပေါင်းစုံက လူထုတွေဟာ ရေရှည်မှာ အခုလိုသာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းအားဖြင့် တည်ငြိမ်အေးချမ်းတဲ့ လူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

#အတူတကွယှဉ်တွဲနေထိုင်ခြင်း #ရှမ်း #တအာင်း #ကချင် #ရှမ်းမြောက်

Комментарии

Информация по комментариям в разработке