ဘောလုံးပျံ စီးရင်း ပုဂံ အလှကို ခံစားမယ်

Описание к видео ဘောလုံးပျံ စီးရင်း ပုဂံ အလှကို ခံစားမယ်

ဒီတနင်္ဂနွေ ခရီးသွား Vlog (Video Log/ Video Blog) လေးမှာတော့ ပုဂံ ကို လွမ်းနေသူတွေကို ကောင်းကင်ယံကနေ ပုဂံအလှကို ခံစားနိုင်ဖို့ ခေါ်ဆောင်သွားခွင့်ပြုပါဗျ။ ကျွန်တော်တို့နိုင်ငံသားတွေအတွက် အရင်ကဆို ခုလို ဘောလုံးပျံစီးဖို့ဆိုတာ အိပ်မက်လိုပါပဲ။ ဈေးတွေကြီးတော့ ကျွန်တော့်လို သာမန်သူအနေနဲ့ မလိုက်နိုင်ပါဘူး.... ဒါအမှန်ပါ။ ခုတော့ ဈေးလေးတွေက သင့်တင့်တဲ့အနေအထားတစ်ခုထိ ရောက်လာတယ်။ နိုင်ငံသားတွေအတွက် သီးသန့်ဈေးနှုန်းလေးတွေ အသီးသီး သတ်မှတ်လာကြတော့ ပိုအဆင်ပြေလာတယ်ပဲဆိုပါတော့။ ဒါကြောင့်ပြီးခဲ့တဲ့ ရာသီချိန်တုန်းက Oriental Ballooning နဲ့ ပုဂံ မှာ ထပ်စီးဖြစ်ခဲ့ပါတယ်။ OB နဲ့ အင်းလေး နဲ့ ဘားအံ မှာ စီးခဲ့ဖူးတော့ စီးလက်စနဲ့ ပုဂံမှာပါ ထပ်စီးဖြစ်သွားတာပါ။ သိပ်ပျော်စရာကောင်းတဲ့ အတွေ့အကြုံသစ်တွေရော၊ ပုဂံ ကို ကောင်းကင်ယံကနေ မြင်ရတဲ့ အလှတွေရော သေချာမြင်ခွင့်ရခဲ့တာမို့ ကျွန်တော်နဲ့ထပ်တူ မြင်တွေ့ခံစားနိုင်ဖို့ ဒီဗီဒီယိုလေးနဲ့ ဝေမျှပေးချင်ပါတယ်ခင်ဗျ။ နှစ်သက်သဘောကျမယ်လို့ မျှော်လင့်ပါတယ်ဗျာ။
ပုဂံဘောလုံးပျံ စီးတာနဲ့ ပတ်သက်ပြီး အသေးစိတ် စာ နဲ့ ပုံများများ ဖတ်ကြည့်ချင်ရင် ဒီမှာ နှိပ်ပါခင်ဗျ
https://bit.ly/3elM6nB

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)

Комментарии

Информация по комментариям в разработке