တိုင်ဖွန်းယာဂီ အကြွင်းအကျန် ဝင်ရုံနဲ့ မြန်မာထဲ ဘာ့ကြောင့် လူတွေပိုသေကြရသလဲ - BBC News မြန်မာ

Описание к видео တိုင်ဖွန်းယာဂီ အကြွင်းအကျန် ဝင်ရုံနဲ့ မြန်မာထဲ ဘာ့ကြောင့် လူတွေပိုသေကြရသလဲ - BBC News မြန်မာ

ဒီနှစ်ထဲ အာရှတိုက်အတွက် အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်တဲ့ တိုင်ဖွန်း ယာဂီရဲ့ အကြွင်းအကျန်ဟာ မြန်မာနိုင်ငံထဲကိုလည်း ဝင်ခဲ့တာကြောင့် နိုင်ငံအနှံ့ မိုးသည်းထန်ခဲ့ပြီး လျှပ်တစ်ပြက် အတွင်း ရေကြီး၊ မြေပြိုတာတွေ ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ စက်တင်ဘာ ၁၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ သေဆုံး ၂၉၀ ကျော် ရှိပြီး၊ အယောက် ၉၀ နီးပါးလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

တိုင်းနဲ့ပြည်နယ် ၉ ခုထဲ က မြို့နယ်ပေါင်း ၅၉ ခု ထိခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ကလည်း ထုတ်ပြန်ထားပါတယ်။ သေဆုံး၊ ပျောက်ဆုံးစာရင်းတွေ မကောက်ယူနိုင်တဲ့ နေရာမျိုးတွေလည်း ရှိ နေတာကြောင့် သေဆုံးစာရင်း မြင့်တက်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။

ဒေသတွင်းနိုင်ငံတွေနဲ့ ယှဥ်ရင် မြန်မာနိုင်ငံထဲမှာ လူ သေဆုံးရမှုတွေ၊ ပျက်စီး ထိခိုက်မှုတွေ ပိုပြီး ကြီးမားခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ အဲ့ဒါ ဘာ့ကြောင့်ပါလဲ။ သဘာဝ ဘေးအန္တရာယ်ရဲ့ ဒဏ်ကို ခံနိုင်ရည်စွမ်း၊ တုန့်ပြန် ကိုင်တွယ်နိုင်စွမ်းတွေ မြန်မာနိုင်ငံထဲမှာ ဘာ့ကြောင့် နိမ့်ကျ နေရပါသလဲ ... ဘာတွေ ပြင်ဆင် တည်ဆောက်ဖို့ လိုသလဲ ... ဒီတစ်ပတ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ရှိပါတယ်။

ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ .... အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ် ရီယိုဂရန်းဒေး ဗယ်လီ တက္ကသိုလ်က ပါမောက္ခတစ်ယောက်လည်းဖြစ်၊ သဘာဝဘေးလေ့လာရေး ပရိုဂရမ်ရဲ့ ဒါရိုက်တာလည်း ဖြစ်တဲ့ ဒေါက်တာ ဒီးန်ကိုင်းနဲ့ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဧည့်ပညာရှင် ဖြစ်တဲ့ ဦးဝင်းမျိုးသူတို့ရဲ့ ဆန်းစစ်သုံးသပ်ချက်တွေကို ကြားကြရမှာ ဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားတာကို စက်တင်ဘာ ၂၁၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန်မှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့၊ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့်ပေးမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Комментарии

Информация по комментариям в разработке