ထီးချိုင့်မြို့ရဲ့ နောက်ဆုံးအခြေအနေ (ရုပ်/သံ)

Описание к видео ထီးချိုင့်မြို့ရဲ့ နောက်ဆုံးအခြေအနေ (ရုပ်/သံ)

ထီးချိုင့်မြို့ရဲ့ နောက်ဆုံးအခြေအနေ (ရုပ်/သံ)


ယဉ်မွန်၊ စက်တင်ဘာ ၅၊ ၂၀၂၄

ဒေသကာကွယ်ရေးတပ် PDF တွေ ဝန်းရံပိတ်ဆို့ထားတဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းရော ရေကြောင်းပါအသုံးပြုပြီး ခုခံတိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က PDF စိုးမိုးနယ်မြေဖြစ်တဲ့ ထီးချိုင့်မြို့ မောင်းကုန်းရွာ ဈေးနဲ့ PDF တွေ သိမ်းဆည်းထားပြီးဖြစ်တဲ့ တကောင်းနီကယ်သတ္ထုစက်ရုံအနီး လေကြောင်းဗုံးကြဲခဲ့ တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ဒေသခံအရပ်သားပြည်သူ ၉ဦး သေဆုံးခဲ့ပြီး ဒါဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

မန္တလေးမြို့ကနေ ထီးချိုင့်မြို့အတွင်းကို ရေကြောင်းကနေ စစ်သင်္ဘောနဲ့ ရိက္ခာဝင်ရောက်ပို့ချိန်မှာပဲ လေကြောင်းဗုံးကြဲခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီက ရိက္ခာပို့ချိန်တိုင်း အခုလို တိုက်ခိုက်မှုတွေ အမြဲလိုလို လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ဟာ ပျက်စီးလုနီးပါးရှိနေတယ်လို့ သိရပြီး၊မြို့ထဲမှာတော့ ဒေသခံ အနည်းငယ် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

#မြန်မာ #ဧရာဝတီ #ထီးချိုင့် #ဗုံးကြဲ #ဗန်း​မော် #လပခ
--------------------------------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке