မြန်မာစစ်တပ် ဘာ့ကြောင့် စစ်ရှုံးရသလဲ -- BBC News မြန်မာ

Описание к видео မြန်မာစစ်တပ် ဘာ့ကြောင့် စစ်ရှုံးရသလဲ -- BBC News မြန်မာ

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကို လက်လွှတ် ခဲ့ရပြီးနောက် ... စစ်ရေးဖိအားတွေ ဆက်တိုက် ဆိုသလိုပဲ တွေ့ကြုံ နေပါတယ်။ အခုဆိုရင် မန္တလေးတိုင်းထဲ စစ်ပွဲတွေ ကျယ်ပြန့်လာပြီး၊ စစ်တပ် အနေနဲ့ ဧရာဝတီ မြစ်ကြောင်းကို ထောက်ပို့ လမ်းကြောင်း အနေနဲ့ အသုံးပြုလို့ မရနိုင်အောင် မန္တလေး ပတ်ချာလည် နယ်မြေတွေမှာ တော်လှန်ရေး အင်အားစုတွေ ဗျူဟာမြောက် စစ်ဆင်လာပါတယ်။ ဒါ့အပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ အခြေစိုက် မုံရွာတဝိုက်မှာ တိုက်ပွဲ ပြင်းထန်လာပါတယ်။

အခုလို မြန်မာ စစ်တပ် ဘာ့ကြောင့် စစ်ရေး ရှုံးနိမ့်နေရတာလဲ .... စစ်တပ်ရဲ့ တည်ဆောက်မှုပိုင်း ဆိုင်ရာနဲ့ အမိန့်ပေးယန္တရားတွေမှာ ဘယ်လို ပြဿနာမျိုးတွေ၊ ချို့ယွင်းချက်တွေ ရှိနေလဲ ... အခု အခြေအနေဟာ မြန်မာစစ်တပ် အနေနဲ့ စစ်ရေး အရ ဘယ်လိုမှ နလံပြန်မထူနိုင်တော့ပဲ .... ဆုံးခန်းတိုင် အခြေအနေမျိုးလား စတာတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မြန်မာ့ ပြည်တွင်းစစ် ရပ်တန့် အဖြေရှာနိုင်ရေး အတွက် မြန်မာ စစ်တပ်နဲ့ကြား နှစ်ရှည် အနီးကပ် ထိတွေ့ ဆက်ဆံခဲ့ပြီး၊ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ထဲမှာ ထဲဝင်ပြင်ထွက် ပါဝင်ခဲ့ဖူးသူ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ မြန်မာ အင်စတီကျု MIPS ရဲ့ အမှုဆောင် ဒါရိုက်တာ လည်းဖြစ်၊ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာန CSIS ရဲ့ အရှေ့တောင် အာရှ ဒေသဆိုင်ရာ ပရိုဂရမ်မှာ သုတေသီ တစ်ယောက်လည်း ဖြစ်တဲ့ ဒေါက်တာ မင်းဇော်ဦးရဲ့ ဆန်းစစ် သုံးသပ်ချက်တွေကို ကြားကြရမှာ ဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ်တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Комментарии

Информация по комментариям в разработке