DVB - မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ မြန်သလား နှေးသလား?

Описание к видео DVB - မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ မြန်သလား နှေးသလား?

“စစ်ဖက်အရပ်ဖက်ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့နေရာမှာ အရပ်ဖက်ကပဲ အကုန်လုံးလိုက်လျောရမယ်ဆိုတဲ့အရာက နည်းနည်းလေးတော့လွဲတယ်လို့ မြင်တယ်”

ဦးမြအေး( ၈၈မျိုးဆက်)

“၁၉၈၅ ကနေ ၂၀၀၉ ထိအပြောင်းအလဲဖြစ်သွားတဲ့ နိုင်ငံ ၃၀ ကို ကြည့်ထားတဲ့ စစ်တမ်းတစ်ခုရှိတယ်။ စစ်တမ်းအရစံချိန်မှီ လူတိုင်းလက်ခံနိုင်လောက် တဲ့အပြောင်းအလဲတခုကို ယူရတဲ့အချိန်ဆိုတာ ရှိတယ်။ ကျနော်တို့ လို့  အကြောင်းကြောင်းကြောင့် တပ်မတော်က နိုင်ငံရေးမှာပါဝင်တဲ့တပ်မတော်ကို သူ့ မူလနေရာပြန်ပို့ ဖို့ ပျမ်းမျှကြာချိန်က (၁၇)နှစ်ကြာတယ်။ အမြန်ဆုံးနိုင်ငံက (၁၀)နှစ်ကြာတယ်။ ”

ဆရာကျော်ဝင်း ( စာရေးဆရာ )

“ကျနော်တို့ နိုင်ငံမှာ ပြည်သူကရွေးကောက်လိုက်တဲ့အစိုးရရှိသလို ကျန်တဲ့အစိုးရတစ်ဖွဲ့ ကလည်းရှိနေပါသေး တယ်။ သူတို့ နေရာကို သူတို့ ကို ပြန်မပို့ နိုင်သေးတဲ့အတွက် အဲဒါလေးတစ်ခုကိုတော့ ကျနော်တို့ တွေသည် နားလည်ရပါလိမ့်မယ်။ လက်ရှိအခြေအနေအရ ဒီလက်ရှိအစိုးရ ညံတယ် ပြောမယ့်အစား ဒီအစိုးရသည် သူလုပ်နိုင်သလောက်တော့ သူလုပ်ပေးတယ်လို့ ပဲမြင်တယ်။ “

ဦးရန်ကျော် (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)
DVB TV - 24.12.2017

Комментарии

Информация по комментариям в разработке